Category: စိုက်ပျိုးရေးနည်းပညာများ

ငှက်ပျောပင်ကို မြစ်ဆုံဖြတ်၍ပျိုးထောင်ခြင်း

ငှက်ပျောပင်ကိုသားတက် ခွဲခြင်း၊ အမြစ်စုံပြန်ပျိုးခြင်းနည်းများဖြင့် ပုံမှန်အားဖြင့် မျိုးယူစိုက်ပျိုးပါတယ်။ယနေ့မှာတော့ နိုင်ငံတော်တော်များများမှာ တစ်ရှူးနည်းပညာဖြင့် မျိုးယူသကဲ့သို့ အမြစ်ဆုံကိုပိုင်းဖြတ်ပြီးတော့လည်း မျိုးယူလျှက်ရှိနေပါတယ်။ တစ်ရှူးနည်းပညာက ကျနော်တို့နိုင်ငံအနေဖြင့် အလှမ်းဝေးလှသေးသော်လည်းလွယ်ကူတဲ့မြစ်ဆုံ ပိုင်းဖြတ်နည်းကိုတော့ ငှက်ပျောစိုက်တောင်သူတိုင်း သိထားစေချင်ပါတယ်။ ပျိုးထောင်ပုံ အသီးခူးပြီးဖြစ်တဲ့ အပင်ရဲ့ အမြစ်ဆုံ ပိုင်းကိုအသုံးပြုပါမယ်။ ပထမဦးစွာ အမြစ်ဆုံပိုင်းမှ အမြစ်မွှေးများနှင့် ပင်စည် အကျန်များကို ဓားသန့်သန့်ထက်ထက်ဖြင့် ရှင်းလင်းသန့်စင်ပေးရပါမယ်။ ထို့နောက် …

အစေ့မှ ရောင်းတန်းဝင် စီးပွားဖြစ် ဂွေးတောက်စိုက်ပျိုးနည်း

မင်္ဂလာပါခင်ဗျား ဂွေးတောက်စိုက်ပျိုးနည်း တင်ပြလိုက်ရပါသည်။ ၁။ BioAl ဆေးရည် ၁စီစီလျှင် ရေတစ်လီတာနှုန်းရောစပ်ပြီး ဆေးနှင့် ရေ ဓါတ်ပြု ရန်မိနစ်၄၀ စောင့်ပြီး ဂွေးတောက်မျိုးစေ့အား ဆေးရည်မြုပ်အောင်စိမ်ရပါမည်။ ၂။ ၂၄ နာရီပြည့်ပါက မျိုးစေ့အား တစ်နာရီခန့် အခြောက်ခံပြီး ကြဲပါ။( ဓါတ်ပုံကြည့်ရန်) ၃။ တစ်မြောင်းနှင့်တစ်မြောင်း လက် ၄ လုံးခန့် ခြားပါ။ …

တစ်ပင်ကို သိန်း ၄၀ကျော်ဈေးရှိသော နံ့သာဖြူစိုက်ပျိုးနည်း

ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူအများကို နံ့သာဖြူ စိုက်ပျိုးစေ ချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း စိုက်ပျိုးရေး ဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက် ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေ ရလာတဲ့ …

ကွမ်း စီးပွားဖြစ်စိုက်သူများအတွက် အရေးကြီးသော ရောဂါပိုး နှိမ်နှင်းနည်း

ကွမ်းစိုက်တောင်သူတွေအတွက် ကျွန်တော်သိသလောက် ပြန်လည်မျှဝေပေးတာပါ လိုအပ်တာတွေကိုလည်း ကျွမ်းကြင်ဆရာများ အနေဖြင့် အကြံညဏ်ပေးစေလိုပါတယ် ကျွန်တော် အသက်ဟာ တကယ်ဆရာကြီးများ၏ လုပ်သက်မျှသာရှိသေးပါသောကြောင့် ဆရာ့ ဆရာများ၏နည်းပညာအကူညီများဖြင့် ပြန်လည်ရေးသားမျှဝေပါသည်။ ကွမ်း သည် မြန်မာလူမျိုးတို့၏ ရှေးရိုး ထုံးတန်းအစဉ်လာ အများအပြားနှင့်လည်း ပတ်သက်ယှက်နွယ်နေသော အပင်တစ်ပင်လည်းဖြစ်သည် မြန်မာလူမျိုးတို့၏ ကန်တော့ပွဲ ရိုးရာပွဲများ တွင် ကွမ်းမပါမဖြစ်သော မြန်မာ့ယဉ်ကျေးမှု့ကိုဆောင်သည် အစားအစာတစ်ခုအဖြစ် …

အပင်များစွာရရှိရေး သေချာပြီး ကုန်ကျစရိတ်လည်း နည်းပါးသော ဝါးအဆစ်များမှ မျိုးပွားစိုက်ပျိုးနည်း

ဝါးအဆစ်များမှ မျိုးပွားရန်အတွက် မိခင်ပင်သည် အသက် (၁၂) လမှ(၁၈)လသားအရွယ် ဝါးများသည် အကောင်းဆုံးဖြစ်သည်။ ရွေးချယ်စုဆောင်းရရှိလာသည့် ဝါးများ၏ အလယ်ပိုင်းသည် မျိုးပွားရန် အကောင်းဆုံးဖြစ်သည်။ ထီးရိုးဝါးတွင်အရင်းပိုင်းမှ (၁၀)ဆစ်အထိကို အရင်းပိုင်းဟူ၍ သက်မှတ်ခဲ့ပြီ ဝါးအဆစ်များမှ မျိုးပွားရန်အတွက် မိခင်ပင်သည် အသက် (၁၂) လမှ(၁၈)လသားအရွယ် ဝါးများသည် အကောင်းဆုံးဖြစ်သည်။ ရွေးချယ်စုဆောင်းရရှိလာသည့် ဝါးများ၏ အလယ်ပိုင်းသည် မျိုးပွားရန် …

အကုန်အကျမရှိသော” သဘာဝ ကယ်လ်ဆီယမ်+ပိုတက်ဆီယမ်+ဖော့စ်ဖိတ် မြေသြဇာမှုန့် ပြုလုပ်နည်းတစ်ခု “

ကြက်ဥခွံ = ၃ ဆ ( ၆ ခွံ ) ငှက်ပျောသီးခွံ = ၁ ဆ ( ၂ ခွံ ) မီးအပူပေးပါ( 170 °C – 200 °C ) ။ အမှုန့်ကြိတ်ပြီး အပင်တစ်ပင် လက်ဖက်စားဇွန်း ၁ဇွန်း / …

“သဘာဝ ပိုးသတ်ဆေး တမာရွက်စိမ်ရည်”

တမာရွက် (၂၅) ကျပ်သားကို နုတ်နုတ်စင်းပြီး ရေ (၁) ဂါလံ တွင် တစ်ညစိမ်ပါ။ ၎င်း စိမ်ရေကို ရေ (၄) ဂါလံ လျှင် နို့ဆီခွက် (၁) ခွက် ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများတိုးပွားမှုကို လျော့နည်းစေသည်။ ဩဇာရွက်စိမ်ရည် ဩဇာရွက် (၂၅) ကျပ်သားကို နုတ်နုတ်စင်းပြီး ရေ (၁) …

သခွားသီးခါးရခြင်း နှင့် မခါးအောင် လုပ်ယူရခြင်း

သခွားပင်ဟာFamily-cucurbitaceae ဆိုတဲ့ ဗူး၊ဖရုံ၊သခွားမျိုးရင်းထဲမှာပါပါတယ်။သခွားပင်က ထုတ်လိုက်တဲ့ cucurbitacins ဆိုတဲ့ဓာတ်ပစ္စည်းများဟာသခွားသီးကိုခါးစေတာပါ။ ပုံမှန်အားဖြင့်cucurbitacins များ အပင်ရဲ့ အရွက်တွေ၊ပင်စည်တွေ ထဲမှာရှိနေရာမှတဆင့်အသီးထဲရောက်သွားလို့ သခွားသီးတွေ ခါးရခြင်းဖြစ်ပါတယ်။ cucurbitacinsများဟာ cytotoxin ဖြစ်ပြီးအသီးအရွက်စား သတ္တဝါများရန်က ကာကွယ်ဖို့ ထုတ်တာဖြစ်ပြီး များများစားမိရင် လူတွေမှာဖျားတဲ့အထိဖြစ်တတ်ပါတယ်။ သခွားပင်တွေဘယ်လိုအခြေအနေမှာ အခါးဓာတ်ထုတ်သလဲ ၁။ ရာသီဥတု ပူလွန်းခြင်း သခွားသီးခါးရတဲ့ အဓိကအကြောင်းရင်းက အပူချိန်များလွန်းခြင်းပါ။ …

ဗူး၊ဖရုံ၊ကျိုင်းကောင်များကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည့် “စဖိုပြာအသုံးပြုနည်း”

ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေးအတွက် အပင်များကိုသာမက စဖိုပြာ၊ထင်းပြာစသောပြာအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုနည်း နည်း-၁ စဖိုပြာ————(၁)ခွက်{နို့ဆီဗူး} ထုံးမှုန့်———–(၁)ခွက်{နို့ဆီဗူး} ရေ————–(၈)ပုလင်း{၈လီတာ} စဖိုပြာတစ်ခွက်၊ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင် ဖျော်စပ်ပါ။ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ မွှေ၍သမပေးပါ။ ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက် နာရီအနည်းငယ်ကြာထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍အသုံးပြုနိုင်ပြီဖြစ်သည်။ လောက်ကောင်များ၊ကျိုင်းကောင်များကို ကာကွယ်နိုင်သည်။ နည်း(၂) စဖိုပြာ——-(၆၀)ကျပ်သား/(၁)ကီလိုဂရမ် ရေနံဆီ—-(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ စဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍ သမပေးပါ။ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန် ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့် စုပ်စားပိုးများကိုကာကွယ်နိုင်သည်။ ဤစနစ်သည်သီးနှံပင်ပေါ်များတွင် ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့် ပက်ဖြူးသင့်သည်။ စုပ်စားပိုးများကိုကြိုတင်ကာကွယ်မှုအနေဖြင့် အသုံးပြုခြင်းဖြစ်သည်။ …