Category: စိုက်ပျိုးရေးနည်းပညာများ

စိုက်ပျိုးမြေသည် မြေချဉ်လား? အပင်လက္ခဏာ နှင့် ပြန်လည်ပြုပြင်ခြင်းများ

၁။ မြေချဉ်ခြင်း မြေချဉ်ခြင်းသည် စိုက်ပျိုးမြေ အများစုတွင် ကြုံတွေ့နေရလျက်ရှိသော ပြဿနာဖြစ်သည်။ မိုးများစွာ ရွာသွန်းခြင်း၊ ရေသွင်းစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်း စနစ်များကြောင့် မြေချဉ်ခြင်းများ ဖြစ်ပေါ်လာသကဲ့သို့ သီးနှံပင်၏ အမြစ်များ မှလည်း အချဉ်ဓါတ်များ ထုတ်လွှတ်လျက် ရှိပါသည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် အများဆုံးအသုံးပြုလျက်ရှိ သော ယူရီးယားမြေသြဇာများသည် မြေချဉ်ခြင်းကို အားပေးသည့်အပြင် မြေသြဇာများကို သုံးစွဲရာတွင် …

“အရွက်စားသီးပင်စားပင် စိုက်သူတို့အတွက်အရွက်ဆေး” ကိုယ်တိုင်လုပ်မယ်

နောက်ရက်တွေမအားခရီးတွေဆက်မှာမို့ အချိန်ရကားပေါ် ထိုင်ရင်းတင်ပေးတာပါ။ ကိုယ်တိုင်ထုတ်လုပ်အသုံးးပြု ပြီးအကျိုးထူးးလို့ပါ အရွက်စားးမည်သည့်အပင်ကိုမဆိုသုံးးနိုင်ပါတယ်။ တပါတ်အတွင်းးသိသိသာသာ အရွက်တေသန် လာကြီးလာ ဖားလာမှာ သိလား။ စာသေချာဖတ် ကြည့်နော် ပါဝင်သောပစည်း 1- အချိုမုန့် 2- M-150 or ကျွဲရိုင်းး 3- ငါးပိ ( ပုဇွန်ငါးပိ) 4- ဖန်ခွက် 5- ကော်ဖီဖျော်ဇွန်းး ပြုလုပ်ပုံအဆင့်ဆင့် …

အိမ်မှာ ထောပတ်ပင် စိုက်ကြစို့

ထောပတ်ပင်ဟာ အပင်ကြီးမျိုး ဖြစ်ပြီး နေရာကျယ်ဝန်းတဲ့ နေရာတွေမှာပဲ စိုက်ကြတာ များပါတယ်။ အခုလို အိမ်မှာပဲ စိုက်လို့ရတဲ့ နည်းလေးကတော့ အင်တာနက်ကနေ တွေ့ထားတာပါ ထောပတ်သီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးဖြစ်ပါတယ်။ ထောပတ်သီးမှာ B5, B6, ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီးနဲ့ ပိုတက်စီယမ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ အိုမီဂါဖက်တီးအက်ဆစ်တွေ ကြွယ်ဝပြီး နှလုံးကျန်းမာရေး …

ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် စိုက်ဘောင်ပြင်ဆင်ခြင်းနှင့် စိုက်ဘောင် ဖုံးအုပ်ခြင်းကောင်းကျိုး

အပင်တစ်ပင်ရှင်သန်ဖွံ့ဖြိုးရန် နှင့်အပင်၏ ဇီဝကမ္မလုပ်ငန်း များ(ပင်ပိုင်းကြီးထွားခြင်း၊မျိုးပွားခြင်း၊ရင့်မှည့်ခြင်း၊ရောဂါပိုးမွှား ခုခံကာကွယ် ခြင်း၊ရာသီဥတုကိုကြံ့ကြံ့ခံနိုင်ခြင်းစသည့်)ပုံမှန် လုပ်ဆောင်ရန်အတွက် အမြစ်သည် အခြေခံ အကျဆုံး အင်္ဂါ ရပ်ဖြစ်သည်။ အမြစ်အဖွဲ့အစည်း ကောင်းမွန်ရန်အတွက် မြေကြီးသည် မစေးလွန်း၊ မဖွယ်လွန်းရန်လိုသည်။မြေကြီးအတွင်းရေထိန်းသိမ်းနိုင်မှု၊ ကောင်းခြင်း၊အပင်အတွက်အဟာရများကို ကောင်းစွာ ထောက်ပံ့နိုင်ခြင်း၊အမြစ်လွယ်ကူစွာ ထိုးဖောက်၍ဆင်းနိုင်ရန် သင့်တော်သော မြေသားထုရှိခြင်း၊အမြစ်အတွက် လုံလောက်သော နေရာအကျယ်ရှိခြင်း၊ မိုးဥတုတွင် မြေအောက်ရေ မျက်နှာပြင် အထက်အမြစ်များအတွက် …

အိမ်တွင်ပြုလုပ်နိုင်သော အမြစ်သန်ဆေး

အမြစ်ထွက်ဆေးဆိုသည်မှာ သစ်ပင်များကို အမြစ်များလျင်မြန်စွာသန်မာ ထွက်ပေါ်စေသည့် ဓာတုကွန်ပေါင်းတစ်မျိုး ဖြစ်ပါသည်။ အဓိကအားဖြင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ၀ါဂွမ်း၊ ပျိုးပင်ငယ်၊ ပန်းမံ၊ ဆေးဝါးစသည့် စီးပွားဖြစ်ကောက်ပဲ သီးနှံများ၏ ပျိုးထောင်ခြင်း၊ ပျိုးပင် ခွဲခြားခြင်း၊ ပျိုးပင်ပြောင်းရွှေ့ခြင်း၊ နေရာချစိုက်ပျိုးခြင်းစသည့်အချိန်များတွင် အသုံးပြုနိုင်ပါသည်။ အမြစ်သန်ဆေးပြုလုပ်နည်းများ မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ဆန်ရှာလကာပျော်ဝင်ရည် အရည်အသွေးမြင့်သောဆန်ရှာလကာရည်ကိုရွေးချယ်ပြီး ရေအေးဖြင့် ၁း ၁၀၀ …

သရက်​ ကိုင်းဆက်​ခြင်း အနှစ်​ချုပ်

ကိုင်းဆက်​ခြင်း အားလုံးတွင်​ ​အောက်​ပါ အချက်​များကို ​သေချာဂရု ပြုရမည်​။ လုပ်​​နေစဉ်​ တ​လျှောက်​လုံး ​ကောင်းစွာ သန့်ရှင်း ရမည်​။ ကျန်းမာ​သော ကြံ့ခိုင်​​သော အမြစ်​ပါသည့်​ ​အောက်​ခံပင်​ကို သုံးပါ ကျန်းမာ​သော ပင်​ပွားမျိုးဆက်​ (ကိုင်း) သို့ လက်​​ဆက်​​သည့်​ အဖူးပါ​သော ကိုင်းသားကို သုံးပါ။ ​ရေခဲ​သေတာ ထဲတွင်​ သိမ်းထား​သော …

” နို့ဆမ်းမှို/တော်ဝင်မှို စနစ်တကျစိုက်ပျိုးနည်း “

တော်​ဝင်​မှိုဟာ စို​က်​ပျိုးမှို​တွေထဲမှာ မျိုးသစ်​မှိုမျိုးစိတ်​ New Species ဖြစ်​ပါတယ်​။ အရသာ အထူး​ကောင်းမွန်​ပါတယ်​။ တာရှည်​အထားခံပါတယ်​။ အနံ့အရသာ ပျက်​သွားခြင်းမရှိပါဘူး။ စိုက်​ပျိုးရ အလွန်​လွယ်​ကူပါတယ်​။ အပူချိန်​မြင့်​ကြိုက်​တဲ့မှို ဖြစ်​ပါတယ်​။ အဟာရတန်​ဖိုး မြင့်​မားစွာ ပါဝင်​ပါတယ်​။ ​တော်​ဝင်​မှိုစိုက်​ပျိုးဖို့ရန်​အတွက်​ နည်းလမ်း အသွယ်​သွယ်​ရှိပါတယ်​။ အစဉ်​​ပြေရင်​ အားလုံး​ကို ဖော်​ပြ​ပေးပါ့မယ်​။ နည်းစဉ်​ – ၁ အပိုင်း – …

မဖြစ်ထွန်းသည့် စိုက်ခင်းအား ကိုယ်တိုင် ၀တ်မှုန်ကူးပေးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းအောင်

မင်္ဂလာပါ ခင်ဗျ ယနေ့ ဝတ်မှုန်ကူးခြင်းနှင့်ပတ်သက်ပြီး ဗဟုသုတအဖြစ် ကျွန်တော် သိထားသလောက် ရေးသားဖော်ပြပေးချင်ပါတယ်။ ဝတ်မှုန်ကူးခြင်းကို(Pollination)လို့ခေါ်ပါတယ်။ ဝတ်မှုန်ကူးတယ်ဆိုတာက ဘာလဲပေါ့….ဟုတ်ကဲ့ပါ ဝတ်မှုန်ကူးတယ်ဆိုတာက အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းအောင် ဂရုတစိုက်နဲ့ ပြုပြင်ဖန်တီးယူတဲ့ နည်းစနစ်တစ်ခုလို့ ပြောလို့ရပါတယ်။ သီးနှံစားပင်တွေဟာ အသီးဖြစ်မြောက်လာဖို့ဆိုရင် အပွင့်ကို အရင်ပွင့်ကြရပါတယ်။အဲဒီအပွင့် ပွင့်ချိန်ဟာ အပင်အတွက် အရမ်းအရေးအကြီးဆုံးအချိန်ဖြစ်၍ ကျွန်တော်တို့က ဂရုစိုက်ကြရပါမယ်။ အပင်အပွင့် ပွင့်ချိန်မှာ …

“ကျွန်းစေ့မျိုးကောင်းရွေးနည်းနှင့် ကျွန်းပင် ပျိုးထောင်နည်း”

ကျွန်းစေ့မျိုးကောင်း ကျွန်းစေ့မျိုးကောင်းရဖို့ဆိုရင် အပင်သက်တမ်းအလယ်အလတ်ရှိတဲ့ (၁၀ နှစ်အထက်) ကျွန်းပင်တွေက သဘာဝအတိုင်ကြွေကျတဲ့အသီးမှသာ ကျွန်းပင်ဖောက်တဲ့အခါ အောင်မြင်မှုပိုများပါတယ်။ သက်တမ်းနုတဲ့ကျွန်းပင်ကမျိုးစေ့ဆိုရင် ပေါက်နှုန်းမကောင်းသလို အပင်အရည်အသွေးလည်းညံ့ပါတယ်။ ပင်စည် ဖြောင့်ဖြောင့်၊ လုံးပတ်ဝိုင်းဝိုင်း မိခင်ကျွန်းပင်ကအစေ့မျိုးဆို ပိုကောင်းပါတယ်။ ဗန်းမော်၊ ကသာဖက်က ကျွန်းပင်တွေကျတော့ ကျွန်းဝလုံးလို့ပြောရလောက်အောင် ဝိုင်းစက်နေတတ်ပါတယ်။ ပြည်ဖက်က ရွှေကျွန်းတော ကျွန်းမျိုးဆိုတာလည်း နာမည်ကြီးပါတယ်။အုတ်အတွင်းအနောက် ပဲခူးရိုးမ ကျွန်းမျိုးလည်း ကောင်းပါတယ်။ …

လျှော်ဖြူ အပင်မနာပဲ အစေးများများထွက်စေလိုလျှင်

လျှော်ဖြူပင်ကိုနေရာဒေသအတော်များများကိုစိုက်နေကျပါတယ်။ လျှော်ဖြူအစေးကိုဆေးကုလားမနဲ့အခြားဆီးဆေး ကျောက်ကပ်ဆေးများ အဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။ လျှော်ဖြူပင်ဟာသဘာဝအရ PH4.0 မှ PH8.0 ကြားမှရှိတဲ့မြေဘယ်မြေအမျိုးအစားမဆိုစိုက်ပျိုးဖြစ်ထွန်းပါတယ်။ အရမ်းသဲဆန်တဲ့မြေနဲ့မြေကျတ်လိုနေရာမျိုးတွေမှာတော့စိုက်ပျိုးလို့ မသင့်တော်ပါဘူး။ လျှော်ဖြူမျိုးများမှာအပင်လိုက်၍ အဖြူ၊ အနီ၊ အဝ၊ါ အညို ဟူ၍လေးမျိုးရှိပါတယ်။ အစိုက်များတာကတော့အဖြူနဲ့အနီကိုအစိုက်များကြပါတယ်။ ဘယ်မျိုးကိုပင်စိုက် စေကာမူအစေးထွက်ဖို့ကတော့အဓိကျတဲ့အစိတ်အပိုင်းမှာပါဝင်ပါတယ်။ အစေးထွက်ဖို့ဆိုတာကမူရင်းမျိုးနဲ့ဆိုင်ပါတယ်။ အစေးအထွက်နည်းတဲ့မျိုးကို စိုက်မိပြီဆိုရင်တော့ အစေးထွက်ဖို့ကအတော်ကိုပြုပြင်ရပါလိမ့်မယ်။ မျိုးလည်း ကောင်းပါလျှက် အစေးမထွက်ရင်တော့ ပြုပြင်လို့ရပါတယ်။ …