ျခင္ ေၾကာင္႔ ျဖစ္ေသာေရာဂါႏွင္႔ ျခင္မလာေအာင္ သဘာ၀နည္းျဖင့္ ကာကြယ္နည္းမ်ား

https://i.ytimg.com/vi/uETXkrOBRgo/maxresdefault.jpg

မိမိတို့၏ ေနအိမ္၊ အိပ္ခန္း၊ ရံုးခန္း၊
အလုပ္ေနရာ စသည္တို့မွာ
ျခင္ရွိေနျပီး ဓါတုေဗဒနည္းပညာမ်ားျဖင့္
ျပဳလုပ္ထားသည့္ေဆးမ်ားကို

အသံုးျပဳလွ်င္ ကင္ဆာေရာဂါ ျဖစ္မွာကို စိုးရိမ္၍
ေဘးကင္းသည့္ သဘာ၀နည္းမ်ားျဖင့္ ျခင္အႏၱရာယ္ကို

ကာကြယ္ႏိုင္ရန္ ေဆးနည္းေတာင္းဆိုလာသူမ်ားအတြက္ က်န္းမာေရးသတင္းမ်ားမွ သဘာ၀ေဆးနည္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

၁။ ၾကက္သြန္ျဖဴတစ္မႊာကို ထု၍ ျပဳတ္လုိက္ပါ။ ထိုၾကက္သြန္ျဖဴျပဳတ္ရည္ကို ဗူးထဲထည့္၍ အိမ္ထဲ ျဖန္းထားလွ်င္ စူးရွေသာ ၾကက္သြန္အႏွံ ့ေၾကာင့္ ျခင္မလာေတာ့ပါ။

၂။ စပါးလင္အဆီျဖင့္ မီးထြန္းထားပါ။ ၄င္းအႏွံ့ကို ျခင္မ်ားေၾကာက္ပါသည္။ ျခင္ကိုက္ေနသည့္ေနရာမ်ားကို စပါးလင္အဆီကို လိမ္းေပးလွ်င္ ေရာဂါကို ကာကြယ္ေပးပါသည္။

၃။ ယူကလစ္ႏွင့္ သံပရာဆီကို ဆတူေရာစပ္၍ ေျခ၊ လက္တို့ကို လိမ္းေပးပါ။ ျခင္လံုး၀ မကိုက္ေတာ့ပါ။ ဓါတုေဗဒပစၥည္းမ်ား မပါ၀င္သည့္အတြက္ ေဘးဥပါဒ္လံုး၀မျဖစ္ပါ။

၄။ တမာဆီႏွင့္ အုန္းဆီကို ဆတူေရာစပ္၍ မိမိခႏၶာကိုယ္ေပၚကို လိမ္းထားပါက ၄င္းအနံ့မျပယ္မျခင္း ျခင္လံုး၀ မကိုက္ေတာ့ပါ။ ၄င္းအနံ့မ်ားသည္ အနည္းဆံုး (၆) နာရီၾကာေအာင္ ခံႏိုင္ပါသည္။

၅။ Tea tree oil လို့ေခၚတဲ့ လက္ဖက္ပင္၏ အဆီကို အခန္းထဲ ဖ်န္းထားလွ်င္ ျခင္မလာေတာ့ပါ။ ခႏၶာကိုယ္ေပၚကိုလည္း ၄င္းအဆီကို လိမ္းေပးႏုိင္ပါတယ္။

၆။ Lavender (လာဗင္ဒါ) အပင္ရွိတဲ့ ေနရာေတြမွာ ျခင္လံုး၀ မရွိပါဘူးတဲ့။ ၄င္းအနံ့ကို ျခင္ေတြ မခံႏိုင္ပါဘူး။ လာဗင္ဒါ အဆီကို လိမ္းေပး၊ ဖ်န္းေပးလွ်င္ ျခင္အႏၱရာယ္ကို ကာကြယ္နိုင္ပါတယ္။

၇။ ေလးညွင္းအနံ့ကို ျခင္ေတြ ေၾကာက္ပါတယ္။ သံပုရာသီးတစ္လံုးကို အကြင္းလိုက္ ၄ ကြင္းရေအာင္ လွီီးလိုက္ပါ။ အေစ့မ်ားကို ဖယ္ထုတ္ျပီး ေလးညွင္းပြင့္

မ်ားကို သံပုရာကြင္းေပၚစိုက္ထားပါ။ သံပုရာ ၈ ကြင္း(၂ လံုးစာ)ကို ပန္းကန္ျပားတိုု့လို အျပားတစ္ခုခုေပၚတင္ထားျပီး ျခင္မ်ားတဲ့ေနရာမွာ ခ်ထားပါ။
(လိုအပ္ေသာ အဆီမ်ားကို ယခုအခါတြင္ ကုန္တိုက္၊ City Mark တို့လို ဆိုင္မ်ားတြင္ အလြယ္တကူ ၀ယ္ယူရရွိနိုင္ၾကပါသည္ )
ျခင္အႏၱရာယ္မွ ကင္းေ၀းႏိုင္ၾကပါေစ။
ကိုးကား ။ ။ How to Keep Mosquitoes Away by Natural Ways

Unicode

ခြင် ကြောင့် ဖြစ်သောရောဂါနှင့် ခြင်မလာအောင် သဘာဝနည်းဖြင့် ကာကွယ်နည်းများ

မိမိတို့၏ နေအိမ်၊ အိပ်ခန်း၊ ရုံးခန်း၊
အလုပ်နေရာ စသည်တို့မှာ
ခြင်ရှိနေပြီး ဓါတုဗေဒနည်းပညာများဖြင့်
ပြုလုပ်ထားသည့်ဆေးများကို

အသုံးပြုလျှင် ကင်ဆာရောဂါ ဖြစ်မှာကို စိုးရိမ်၍
ဘေးကင်းသည့် သဘာဝနည်းများဖြင့် ခြင်အန္တရာယ်ကို

ကာကွယ်နိုင်ရန် ဆေးနည်းတောင်းဆိုလာသူများအတွက် ကျန်းမာရေးသတင်းများမှ သဘာဝဆေးနည်းများကို ဖော်ပြပေးလိုက်ပါသည်။

၁။ ကြက်သွန်ဖြူတစ်မွှာကို ထု၍ ပြုတ်လိုက်ပါ။ ထိုကြက်သွန်ဖြူပြုတ်ရည်ကို ဗူးထဲထည့်၍ အိမ်ထဲ ဖြန်းထားလျှင် စူးရှသော ကြက်သွန်အနှံ ့ကြောင့် ခြင်မလာတော့ပါ။

၂။ စပါးလင်အဆီဖြင့် မီးထွန်းထားပါ။ ၄င်းအနှံ့ကို ခြင်များကြောက်ပါသည်။ ခြင်ကိုက်နေသည့်နေရာများကို စပါးလင်အဆီကို လိမ်းပေးလျှင် ရောဂါကို ကာကွယ်ပေးပါသည်။

၃။ ယူကလစ်နှင့် သံပရာဆီကို ဆတူရောစပ်၍ ခြေ၊ လက်တို့ကို လိမ်းပေးပါ။ ခြင်လုံးဝ မကိုက်တော့ပါ။ ဓါတုဗေဒပစ္စည်းများ မပါ၀င်သည့်အတွက် ဘေးဥပါဒ်လုံးဝမဖြစ်ပါ။

၄။ တမာဆီနှင့် အုန်းဆီကို ဆတူရောစပ်၍ မိမိခန္ဓာကိုယ်ပေါ်ကို လိမ်းထားပါက ၄င်းအနံ့မပြယ်မခြင်း ခြင်လုံးဝ မကိုက်တော့ပါ။ ၄င်းအနံ့များသည် အနည်းဆုံး (၆) နာရီကြာအောင် ခံနိုင်ပါသည်။

၅။ Tea tree oil လို့ခေါ်တဲ့ လက်ဖက်ပင်၏ အဆီကို အခန်းထဲ ဖျန်းထားလျှင် ခြင်မလာတော့ပါ။ ခန္ဓာကိုယ်ပေါ်ကိုလည်း ၄င်းအဆီကို လိမ်းပေးနိုင်ပါတယ်။

၆။ Lavender (လာဗင်ဒါ) အပင်ရှိတဲ့ နေရာတွေမှာ ခြင်လုံးဝ မရှိပါဘူးတဲ့။ ၄င်းအနံ့ကို ခြင်တွေ မခံနိုင်ပါဘူး။ လာဗင်ဒါ အဆီကို လိမ်းပေး၊ ဖျန်းပေးလျှင် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

၇။ လေးညှင်းအနံ့ကို ခြင်တွေ ကြောက်ပါတယ်။ သံပုရာသီးတစ်လုံးကို အကွင်းလိုက် ၄ ကွင်းရအောင် လှီီးလိုက်ပါ။ အစေ့များကို ဖယ်ထုတ်ပြီး လေးညှင်းပွင့်

များကို သံပုရာကွင်းပေါ်စိုက်ထားပါ။ သံပုရာ ၈ ကွင်း(၂ လုံးစာ)ကို ပန်းကန်ပြားတိုု့လို အပြားတစ်ခုခုပေါ်တင်ထားပြီး ခြင်များတဲ့နေရာမှာ ချထားပါ။
(လိုအပ်သော အဆီများကို ယခုအခါတွင် ကုန်တိုက်၊ City Mark တို့လို ဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြပါသည် )
ခြင်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
ကိုးကား ။ ။ How to Keep Mosquitoes Away by Natural Ways.