ေရဦးမူးျမစ္အတြင္း ေက်ာင္းသား ၉ ဦးေရဆင္းခ်ိဳးရာမွ ၂ ဦးေပ်ာက္ဆံုး

Image may contain: 7 people, people standing and outdoor

ခင္ဦး(ေဖေဖၚ၀ါရီ-၁၃)
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕နယ္တြင္
ေရဦးမူးျမစ္အတြင္း ေက်ာင္းသား ၉ ဦး ေရဆင္းခ်ိဳးရာမွ ၂ ဦးေပ်ာက္ဆံုးေနေၾကာင္း ေညာင္ပင္ႀကီးစုရဲကင္းစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ သက္ေပးအုပ္စု ဇီးေတာေက်းရြာအေနာက္ဘက္ရွိေရဦးမူးျမစ္အတြင္း၌ ေဖေဖၚ၀ါရီ ၁၃ ရက္ေန႔ ေန႔ ၁ နာရီခြဲခန္႔ကေရႊဘိုၿမိဳ႕နယ္ ေညာင္ပင္သာေက်းရြာတြင္ ဖြင့္လွစ္ထားေသာ
“SUPER CLIMAX” ေဘာ္ဒါေဆာင္တြင္ တတ္ေရာက္ေနသည့္ အ႒မတန္းေက်ာင္းသားမ်ားျဖစ္ေသာ ေမာင္လျပည့္ထြန္း၊ ေမာင္ျပည့္စံုဦး၊ ေမာင္ေအာင္ေက်ာ္စိုး၊ ေမာင္မ်ိဳးမင္းထက္၊ ေမာင္မ်ိဳးခန္႔၊
ေမာင္ဆက္မ်ိဳးႏိုင္၊ ေမာင္ေက်ာ္ျမင့္ ေ႒း၊ ေမာင္ဟိန္းထက္ေက်ာ္ႏွင့္ ေမာင္ဖိုးလျပည့္ တို႔ ၉

Image may contain: people standing, outdoor, nature and water

ဦးေရဆင္းခ်ိဳးရာမွ ေမာင္ဖိုးလျပည့္ ၁၄ ႏွစ္ (ဘ)ဦးတင္စိုးေညာင္ပင္သာေက်းရြာ ေရႊဘိုၿမိဳ႕နယ္ေနသူႏွင့္ ေမာင္ဟိန္းထက္ေက်ာ္ ၁၄ ႏွစ္ (ဘ)ဦးေက်ာ္၀င္း ျမင္းစီးေက်းရြာ ေရႊဘိုၿမိဳ႕နယ္ေနသူတို႔ ၂ ဦးမွာ
ေရနစ္ေပ်ာက္ဆံုးသြားသျဖင့္ ေညာင္ပင္ႀကီးစုရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မင္းႏိုင္ ႏွင့္တပ္ဖြဲ႔၀င္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္

ရြာသူ/ရြာသားမ်ား ပူးေပါင္း၍ ရွာေဖြလွ်က္ရွိေၾကာင္း

သိရသည္။

Chit Sann
Zin Moe

Unicode

ရေဦးမူးမြစ်အတွင်း ကျောင်းသား ၉ ဦးရေဆင်းချိုးရာမှ ၂ ဦးပျောက်ဆုံး

Image may contain: outdoor, nature and water

ခင်ဦး(ဖေဖေါ်ဝါရီ-၁၃)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင်
ရေဦးမူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်းချိုးရာမှ ၂ ဦးပျောက်ဆုံးနေကြောင်း ညောင်ပင်ကြီးစုရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် သက်ပေးအုပ်စု ဇီးတောကျေးရွာအနောက်ဘက်ရှိရေဦးမူးမြစ်အတွင်း၌ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ နေ့ ၁ နာရီခွဲခန့်ကရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် ဖွင့်လှစ်ထားသော
“SUPER CLIMAX” ဘော်ဒါဆောင်တွင် တတ်ရောက်နေသည့် အဋ္ဌမတန်းကျောင်းသားများဖြစ်သော မောင်လပြည့်ထွန်း၊ မောင်ပြည့်စုံဦး၊ မောင်အောင်ကျော်စိုး၊ မောင်မျိုးမင်းထက်၊ မောင်မျိုးခန့်၊
မောင်ဆက်မျိုးနိုင်၊ မောင်ကျော်မြင့် ဋ္ဌေး၊ မောင်ဟိန်းထက်ကျော်နှင့် မောင်ဖိုးလပြည့် တို့ ၉

ဦးရေဆင်းချိုးရာမှ မောင်ဖိုးလပြည့် ၁၄ နှစ် (ဘ)ဦးတင်စိုးညောင်ပင်သာကျေးရွာ ရွှေဘိုမြို့နယ်နေသူနှင့် မောင်ဟိန်းထက်ကျော် ၁၄ နှစ် (ဘ)ဦးကျော်ဝင်း မြင်းစီးကျေးရွာ ရွှေဘိုမြို့နယ်နေသူတို့ ၂ ဦးမှာ
ရေနစ်ပျောက်ဆုံးသွားသဖြင့် ညောင်ပင်ကြီးစုရဲကင်းစခန်းမှူး ရဲအုပ်ကျော်မင်းနိုင် နှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်

ရွာသူ/ရွာသားများ ပူးပေါင်း၍ ရှာဖွေလျှက်ရှိကြောင်း

သိရသည်။

Chit Sann
Zin Moe