” ေယာက္်ားတို႔ မလြန္က်ဴး​အပ္ေသာ မိန္းမ “

Image may contain: one or more people, tree, motorcycle, outdoor and nature

(ကာ​ေမသုမိစၦာစာရကံထိုက္​​ေသာ မိန္​းမ ၂၀)

(၁) မာတု ရကၡိတ- အမိအုပ္ထိန္းေသာ မိန္းမ၊

(၂) ပိတု ရကိၡတ- အဖ အုပ္ထိန္းေသာမိန္းမ၊

(၃) မာတာပိတု ရကိၡတ- မိဘ ၂-ပါးအုပ္ထိန္းေသာ မိန္းမ၊

(၄) ဘာတု ရကိၡတ- ေမာင္ႀကီးေမာင္ငယ္ အုပ္ထိန္းေသာမိန္းမ၊

(၅) ဘဂိနိ ရကိၡတ- အစ္မႀကီး အစ္မငယ္အုပ္ထိန္းေသာမိန္းမ၊

(၆) ဥာတိ ရကိၡတ- ေဆြမ်ိဳးအုပ္ထိန္းေသာမိန္းမ၊

(၇) ေဂါတၱ ရကိၡတ- အႏြယ္တူ အုပ္ထိန္းေသာမိန္းမ၊

(၈) ဓမၼရကိၡတ- သီတင္းသံုးေဖၚ(သူငယ္​ခ်င္​း အ​ေပါင္​းအသင္​း) ေစာင့္ေရွာက္အုပ္ထိန္းေသာမိန္းမ။
(မွတ္ခ်က္။ ။ ၎ ၈- ​ေယာက္​ေ​သာ မိန္​းမ တို႔မွာ ကာ​ေမသုမိစၦာစာရကံ မထိုက္၊ သြားလာလြန္က်ဴးသူ ေယာက္်ားမ်ားမွာသာ ကာ​ေမသုမိစၦာစာရကံ ထိုက္​သည္။ )

(၉) သာရကၡာ- ထိမ္းျမားေၾကာင္းလမ္းၿပီးသူ ‘လက္ထပ္ၿပီးသူ’ လင္အုပ္ထိန္းေသာမိန္းမ၊

(၁၀) သ ပရိဒ႑ာ- မင္းတို႔ေကာက္ယူရန္သတ္မွတ္လ်က္ ဒဏ္ထားၿပီးလွ်င္ အုပ္ထိန္းေသာမိန္းမ၊

(၁၁) ဓနကၠီတာ- ဥစၥာျဖင့္၀ယ္ယူလ်က္ မယားအျဖစ္ထားေသာမိန္းမ၊

(၁၂) ဆႏၵ ၀ါသိနီ- သေဘာတူအလိုတူ၍ ညားေနေသာမိန္းမ၊

(၁၃) ေဘာဂ ၀ါသိနီ- စည္းစိမ္ေပး၍ ေပါင္းေဖၚေသာ မိန္းမ၊

(၁၄) ပဋ၀ါသိနီ- ပုဆိုးေပး၍ “ပုဆိုး တန္းတင္”ျပဳ၍ေနေသာမိန္းမ၊

(၁၅) ၾသဒ ပတၱကိနီ- ေရခြက္၌ လက္ဆံုခ်၍မိဘႏွစ္ပါး ထိန္းျမားေပးေသာမိန္းမ၊ (၁၆) ၾသဘဋ စုမၺဋာ- ေခါင္းခုကိုခ်၍ လင္မယားအျဖစ္ေနေသာ မိန္းမ၊

(၁၇) ဒါသီ စ ဘရိယာ စ- ကြၽန္လည္းျဖစ္ မယားလည္းျဖစ္ေသာ မိန္းမ၊

(၁၈) ကမၼကာရီ စ ဘရိယာ စ- အမႈလုပ္လည္းျဖစ္ မယားလည္းျဖစ္ေသာ မိန္းမ၊ (၁၉) ဓဇာ ဟဋာ- စစ္ေျမျပင္မွ ေဆာင္ယူခဲ့ေသာမိန္းမ၊
(
၂၀) မုဟုတၱိကာ- တစ္ခဏၰမွ် ေပါင္းေဖၚရန္ငွားရမ္းထားေသာ ေခတၱမယားျဖစ္သူမိန္းမ။
(မွတ္ခ်က္။ ။ ၎င္း ၁၂-ေယာက္ေသာမိန္းမမ်ားကို သြားလာလြန္က်ဴးခဲ့မူ လင္ရွိမယားျဖစ္၍ မိန္းမေရာေယာက်္ားပါ ႏွစ္ဦးစလုံး ကာ​ေမသုမိစၦာစာရကံ ထိုက္သည္။)

့ ပါရာဇိကဏ္ပါဠိေတာ္ အ႒ကထာ

သူ႔သားမယား၌ သြားလာလြန္က်ဴးသူတို႔ ရရွိေသာ မေကာင္းက်ိဳးအျပစ္(၁၅)ပါး

(၁) အပါယ္ ၄-ပါးသို႔လားရျခင္း၊
(၂) မိန္းမ ပ႑ဳက္ျဖစ္ရျခင္း၊
(၃) ရန္သူႏွင့္ေတြ႕ရျခင္း၊
(၄) လူအမ်ား မုန္းျခင္း၊
(၅) အစား အ၀တ္ အိပ္ယာရခဲျခင္း၊
(၆) ဆင္းဆင္းရဲရဲ အိပ္ရ ႏိုးရျခင္း၊
(၇) အမ်က္ေဒါသႀကီးျခင္း၊
(၈) ေလာကုတၱရာတရား မရရွိႏိုင္ျခင္း၊
(၉) စည္းစိမ္ဥစၥာ ပ်က္ျပဳန္းရျခင္း၊
(၁၀) ယံုၾကည္မႈ ကင္းမဲ့ခံရျခင္း၊
(၁၁) ေဘးေတြ႕ရျခင္း၊
(၁၂) ယံုမွားသံသယမ်ားျခင္း၊
(၁၃) ခ်စ္သူတို႔ႏွင့္ ခြဲေနရျခင္း၊
(၁၄) အသက္တိုျခင္း၊
(၁၅) ဆင္းရဲႀကီးစြာေတြ႕ရျခင္း။

ကာ​ေမသုမိစၦာစာရကံထိုက္​​ႏိုင္​တဲ့ ကာမျပဳက်င္​့တဲ့​ေနရာ​ေတြက​ေတာ့

(၁)က်င္ၾကီးစြန္႔ရာ လမ္းေၾကာင္း(၀စၥမဂ္​)

(၂)က်င္ငယ္စြန္႔ရာ လမ္းေၾကာင္း(ပႆာ၀မဂ္​)

(၃)စကားေျပာရာ လမ္းေၾကာင္းတို႔ ျဖစ္ပါတယ္​(မုခမဂ္​)

ေနာက္ျပီး မိမိကာမပိုင္ မိန္းမပင္ ျဖစ္လင့္ကစား ကာေမသု မိစၧာစာရကံ ထိုက္ေသာ အခ်က္ ေလးခ်က္ ရွိပါတယ္။ အိမ္ေထာင္က်ျပီး ေယာက်္ားမ်ား လိုက္နာ သိသင့္တဲ့ အခ်က္ေတြပါ။ အဲ့ဒါေတြ ကေတာ့

(၁)မိမိမိန္းမ ကိုယ္၀န္ အလြန္ရင့္ေသာ အခါ၊

(၂)မိဘဆရာ လူအမ်ားတို႔ ျမင္သျဖင့္ မသင့္ေတာ္ေသာ ေနရာ၊

(၃)က်င့္ရိုး မဟုတ္ျခင္းႏွင့္ လြဲမွားစြာ ျပဳက်င့္ျခင္း၊

(၄)ေဆး၀ါးမွီ၀ဲျပီး ရွိျမဲအဂၤါထက္ လြန္ေသာအခါ တို႔ပဲျဖစ္ပါတယ္။
(ဆဂတိဒီပနီ)

(၅)ခရီး​ေ၀းစြာလာခဲ့ရ၍ ​ေမာပန္​းႏြမ္​းနယ္​​ေနတဲ့အခ်ိန္​

(၆)စိတ္​​ေဖာက္​ျပန္​႐ူသြပ္​​ေနတဲ့အခါ

(၇)​ေရာဂါႏွိပ္​စက္​ခံစာ​ေနရခ်ိန္​

ထိုအခ်ိန္​မ်ား၌ မိမိမယားက ခြင္​့မျပဳလွ်င္​
အတင္​းအဓမၼမျပဳက်င္​့ရ ျပဳက်င္​့လွ်င္​ ကာ​ေမသုမိစၦာစာရကံထိုက္​၏

(အႏု၀ဏၰနာ ဓမၼသတ္​)

ကာေမသု မိစၧာစာရကံ ေရွာင္ၾကဥ္ရေသာ အက်ဳိးတရားမ်ား

၁။ ရန္သူမရွိျခင္း။
၂။ အလံုးစံုေသာ သတၱဝါတို႔၏ ခ်စ္ခင္ ျမတ္ႏိုးမႈကို ခံရျခင္း။
၃။ ထမင္း အေဖ်ာ္ယမကာ အဝတ္တန္ဆာတို႔ ရရွိျခင္း။
၄။ ခ်မ္းသာစြာ အိပ္ရျခင္း။
၅။ ခ်မ္းသာစြာ ႏိုးရျခင္း။
၆။ အပါယ္ေဘးမွ လြတ္ရျခင္း။
၇။ မိန္းမ နပုန္းအျဖစ္မွ လြတ္ရျခင္း။
၈။ အမ်က္ေဒါသနည္းျခင္း။
၉။ ေျပာင္ေျပာင္တင္းတင္း ပြင့္လင္းစြာ ျပဳလုပ္ေျပာဆိုႏိုင္ျခင္း။
၁ဝ။ လည္တိုင္ေၾကာ့ေၾကာ့ ေမာ့ေမာ့ ေနႏိုင္ျခင္း။
၁၁။ မ်က္လႊာမခ်ရဘဲ ၾကည္လင္ရႊင္ျပစြာ ေနႏိုင္ျခင္း။
၁၂။ မိန္းမႏွင့္ ေယာက်္ားအခ်င္းခ်င္းသာ ခ်စ္ခင္ျမတ္ႏိုးျခင္း။
၁၃။ မ်က္စိ နား ႏွာစေသာ ေျခလက္အဂၤါမ်ား ျပည့္စံုျခင္း။
၁၄။ ၾကန္အင္လကၡဏာႏွင့္ ျပည့္စံုျခင္း။
၁၅။ ယံုမွားသံသယကင္း၍ ရဲရဲတင္းတင္း ေနထိုင္ႏိုင္ျခင္း။
၁၆။ ခ်မ္းသာစြာ ေနရျခင္း။
၁၇။ ပူပန္ေၾကာင့္ၾက မရွိရျခင္း။
၁၈။ ေဘးရန္ မရွိျခင္း။
၁၉။ ခ်စ္ခင္ ႏွစ္သက္သူ တို႔ႏွင့္ ေနရျခင္း စေသာ အက်ဳိး တရားတို႔ကို ရရွိပါသည္။

(မနားလည္​လွ်င္​ Comment မွာ​ေမးႏိုင္​သည္​)
အ႐ွင္​ဇာဂရ(နန္​းသညစ္)

Unicode

” ယောက်ျားတို့ မလွန်ကျူး​အပ်သော မိန်းမ ”

(ကာ​မေသုမိစ္ဆာစာရကံထိုက်​​သော မိန်​းမ ၂၀)

(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊

(၂) ပိတု ရက္ခိတ- အဖ အုပ်ထိန်းသောမိန်းမ၊

(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊

(၄) ဘာတု ရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊

(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊

(၆) ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊

(၇) ဂေါတ္တ ရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊

(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်(သူငယ်​ချင်​း အ​ပေါင်​းအသင်​း) စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။
(မှတ်ချက်။ ။ ၎င်း ၈- ​ယောက်​ေ​သာ မိန်​းမ တို့မှာ ကာ​မေသုမိစ္ဆာစာရကံ မထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကာ​မေသုမိစ္ဆာစာရကံ ထိုက်​သည်။ )

(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ ‘လက်ထပ်ပြီးသူ’ လင်အုပ်ထိန်းသောမိန်းမ၊

(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊

(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊

(၁၂) ဆန္ဒ ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊

(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သော မိန်းမ၊

(၁၄) ပဋဝါသိနီ- ပုဆိုးပေး၍ “ပုဆိုး တန်းတင်”ပြု၍နေသောမိန်းမ၊

(၁၅) သြဒ ပတ္တကိနီ- ရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊ (၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊

(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊

(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ (၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(
၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။
(မှတ်ချက်။ ။ ၎င်းင်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောကျ်ားပါ နှစ်ဦးစလုံး ကာ​မေသုမိစ္ဆာစာရကံ ထိုက်သည်။)

့ ပါရာဇိကဏ်ပါဠိတော် အဋ္ဌကထာ

သူ့သားမယား၌ သွားလာလွန်ကျူးသူတို့ ရရှိသော မကောင်းကျိုးအပြစ်(၁၅)ပါး

(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) အစား အဝတ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

ကာ​မေသုမိစ္ဆာစာရကံထိုက်​​နိုင်​တဲ့ ကာမပြုကျင်​့တဲ့​နေရာ​တွေက​တော့

(၁)ကျင်ကြီးစွန့်ရာ လမ်းကြောင်း(၀စ္စမဂ်​)

(၂)ကျင်ငယ်စွန့်ရာ လမ်းကြောင်း(ပဿာဝမဂ်​)

(၃)စကားပြောရာ လမ်းကြောင်းတို့ ဖြစ်ပါတယ်​(မုခမဂ်​)

နောက်ပြီး မိမိကာမပိုင် မိန်းမပင် ဖြစ်လင့်ကစား ကာမေသု မိစ္ဆာစာရကံ ထိုက်သော အချက် လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောကျ်ားများ လိုက်နာ သိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေ ကတော့

(၁)မိမိမိန်းမ ကိုယ်ဝန် အလွန်ရင့်သော အခါ၊

(၂)မိဘဆရာ လူအများတို့ မြင်သဖြင့် မသင့်တော်သော နေရာ၊

(၃)ကျင့်ရိုး မဟုတ်ခြင်းနှင့် လွဲမှားစွာ ပြုကျင့်ခြင်း၊

(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။
(ဆဂတိဒီပနီ)

(၅)ခရီး​ဝေးစွာလာခဲ့ရ၍ ​မောပန်​းနွမ်​းနယ်​​နေတဲ့အချိန်​

(၆)စိတ်​​ဖောက်​ပြန်​ရူသွပ်​​နေတဲ့အခါ

(၇)​ရောဂါနှိပ်​စက်​ခံစာ​နေရချိန်​

ထိုအချိန်​များ၌ မိမိမယားက ခွင်​့မပြုလျှင်​
အတင်​းအဓမ္မမပြုကျင်​့ရ ပြုကျင်​့လျှင်​ ကာ​မေသုမိစ္ဆာစာရကံထိုက်​၏

(အနုဝဏ္ဏနာ ဓမ္မသတ်​)

ကာမေသု မိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ

၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင် မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၄။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောကျ်ားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင် နှစ်သက်သူ တို့နှင့် နေရခြင်း စသော အကျိုး တရားတို့ကို ရရှိပါသည်။

(မနားလည်​လျှင်​ Comment မှာ​မေးနိုင်​သည်​)
အရှင်​ဇာဂရ(နန်​းသညစ်)