သိထားသင့္တဲ့ ဆီးခ်ဳိေသြးခ်ဳိ အႏၲရာယ္

https://cdn.cnn.com/cnnnext/dam/assets/120627065505-pregnant-woman-labor-doctor-hospital-horizontal-large-gallery.jpg

ခ်ဳိ၊ ခ်ဥ္၊ စပ္၊ ဖန္၊ ငန္၊ ခါး ဆိုတဲ့ အရသာ ၆ ပါး အနက္ အမ်ားစုက ခ်ဳိၿမိန္ အရသာကို ပိုလို႔ ႏွစ္သက္တတ္ၾကေလ့ ရွိပါတယ္။ ဒီအခ်ဳိဓာတ္ဟာ ေသြးတြင္း လြန္ကဲ လာတဲ့ အခါ ေဘးဥပါဒ္ ျဖစ္ေစတတ္ပါတယ္။ မေလးရွား ႏိုင္ငံမွာ လူဦးေရ ၁.၈ သန္း ခန္႔ဟာ သၾကားဓာတ္ လြန္ကဲစြာ စားသံုး မႈေၾကာင့္ ဆီးခ်ဳိနဲ႔ ႏွလံုးေရာဂါ ေဝဒနာကို ခံစားေန ၾကရပါတယ္။ WHO ကေတာ့ လူသားေတြရဲ႕ ေန႔စဥ္စား သံုးမႈမွာ သၾကားဓာတ္ကို တစ္ေအာင္စ ခန္႔ ေလာက္ေတာင္ ထည့္သြင္း စားသံုးဖို႔ မသင့္ ေၾကာင္း အဆိုျပဳ ထားပါတယ္။ ဆီးခ်ဳိေသြးခ်ဳိဟာ အခ်ဳိဓာတ္ စားသံုးမႈလြန္ကဲ႐ံုမက အငန္ဓာတ္နဲ႔ အဆီ မ်ားလြန္းတဲ့ အစားအစာေၾကာင့္လည္း ျဖစ္တတ္တာမို႔ ဆီနဲ႔အငန္ ႀကိဳက္ၿပီး ထမင္းစားၿပီးခ်ိန္ အခ်ဳိတည္းတတ္ၾကသူ ျမန္မာလူမ်ဳိးေတြ အဖို႔ သတိျပဳမိ ဆင္ျခင္စရာတစ္မ်ဳိးပါပဲ။ ဒါေၾကာင့္ ရတီ ပရိသတ္ မ်ားအတြက္ ဆီးခ်ဳိ ေသြးခ်ဳိ ဆိုင္ရာ အတြက္ က်န္းမာေရး ဗဟုသုတ ေတြကို ေဆးတကၠသိုလ္ ၂ ရဲ႕ ပါေမာကၡခ်ဳပ္ ေဒါက္တာ တင့္ေဆြလတ္နဲ႔ ေတြ႕ဆံုၿပီး ေမးျမန္းခဲ့ သမွ် မွ်ေဝေပးလိုက္ပါတယ္။

ဆီးခ်ဳိေရာဂါ ဟာ အခ်ဳိဓာတ္ လြန္ကဲစြာ စားသံုးမႈ ေၾကာင့္ျဖစ္ရတာ ဟုတ္ပါသလား။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါ ဆိုတာက အခ်ဳိ ဓာတ္လြန္ကဲစြာ စားသံုးမႈေၾကာင့္ တစ္ခုတည္း မကဘဲ ခ်ဳိလြန္း၊ ငန္လြန္း၊ အဆီမ်ား လြန္းတဲ့ အစားအစာေတြ စားသံုးရင္ လည္း ျဖစ္တတ္ပါတယ္။ အဝလြန္သူေတြနဲ႔ ကုိယ္ကာယ လႈပ္ရွားမႈ နည္းပါးလြန္းသူေတြ၊ ေနာက္ ေဆြမ်ဳိးရင္း ခ်ာေတြမွာ ဆီးခ်ဳိေသြးခ်ဳိ ေရာဂါရိွသူေတြ၊ ဆီးခ်ဳိေသြး ခ်ဳိေရာဂါ အျဖစ္မ်ားတဲ့ လူမ်ဳိးႏြယ္စုေတြ၊ ေသြးတုိး ေရာဂါ ရိွသူေတြ၊ ၉ေပါင္နဲ႔အထက္ ကိုယ္ အေလးခ်ိန္ရိွတဲ့ ကေလး မီးဖြားတဲ့ အမ်ဳိးသမီးေတြ ဒါမွမဟုတ္ဘဲ ကိုယ္ဝန္ေဆာင္စဥ္မွာ ျဖစ္ပြားတဲ့ ဆီးခ်ဳိေသြးခ်ဳိ ေရာဂါျဖစ္ဖူးတဲ့ အမ်ဳိးသမီးေတြ၊ သားဥမွာ အရည္အိတ္ေတြ တည္ေနတဲ့ ေရာဂါစု ရိွသူ အမ်ဳိးသမီးေတြရယ္ နဲ႔ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါျဖစ္ဖူးတဲ့ သူေတြ၊ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ကနဦး အဆင့္ရိွသူေတြ စတာေတြေၾကာင့္ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ျဖစ္လာတာျဖစ္ပါတယ္။

ေသြးခ်ဳိေရာဂါကေရာ ဆီးခ်ဳိနဲ႔ အတူတူပဲ လား၊ဆီးခ်ဳိရဲ႕ေနာက္ဆက္တြဲ ေရာဂါလား ဒါမွမဟုတ္သီးသန္႔စီျဖစ္သလား သိခ်င္ပါတယ္။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါဆိုတာ ဇီဝကမၼျဖစ္စဥ္ ခ်ဳိ႕ယြင္းလို႔ျဖစ္ေပၚလာတဲ့ ေရာဂါစုတစ္ခု ျဖစ္ၿပီး ခႏၶာကိုယ္တြင္း အင္ဆူလင္ ေဟာ္မုန္းဓာတ္ ခ်ဳိ႕တဲ့ေနလို႔ျဖစ္ေစ၊ အာနိ သင္ေလ်ာ့နည္း ေနလို႔ျဖစ္ေစ၊ ကစီဓာတ္၊ အသားဓာတ္ နဲ႔ အဆီဓာတ္တို႔ အားလံုးရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြ ပ်က္စီးၿပီး ေသြး တြင္း အခ်ဳိဓာတ္ေတြ အစဥ္တစိုက္ ႏွစ္လၾကာ ရွည္ေအာင္ မ်ားျပားေနတဲ့ ေရာဂါစု တစ္ခု ျဖစ္ပါ တယ္။ ဒီေန႔ကာလမွာ အမ်ားက လက္ခံထားတဲ့ ေရာဂါအမည္ အဓိပၸာယ္ဖြင့္ဆိုခ်က္ (Definiation) ကို ဘာသာျပန္ ထားတာ ပဲျဖစ္တယ္။ အဲဒီ အဓိပၸာယ္ သတ္မွတ္ခ်က္ အရေတာ့ ဒီ Diabetes Mellitus ေရာဂါကို ‘ေသြးခ်ဳိ’ ေရာဂါလို႔ပဲ ေခၚသင့္တာေပါ့ေလ။ ဒါေပမဲ့ ျပည္သူလူထု က ေရွးပေဝသဏီ တည္းကစၿပီး အစဥ္တစိုက္ လက္ခံ သံုးစြဲလာတဲ့ ‘ဆီးခ်ဳိေရာဂါ’ နဲ႔ လံုးဝမတူဘဲ ေရာဂါ အသစ္ တစ္ခုလို႔ မွတ္ထင္ ယူဆသြားစရာ ရိွတယ္။ အမွန္ တကယ္လည္း အထင္လြဲေနေၾကာင္း ေန႔စဥ္ေတြ႔ေနရတာပါပဲ။

Diabetes Mellitus ေရာဂါရိွသူရဲ႕ ဆီးကို ေရွးေခတ္ သမားေတာ္ေတြ လွ်ာနဲ႔ တို႔ၾကည့္တဲ့အခါ ခ်ဳိေနတာ ကို ရွာေဖြေတြ႕ရိွ ခဲ့ၾကလို႔ ‘ဆီးခ်ဳိေရာဂါ’ လို႔ အရင္ကတည္းက ေခၚ ေဝၚသံုးစြဲခဲ့ၾကတာ။ Diabetes Mellitus ရဲ႕ မူရင္း အဓိပၸာယ္ကိုကပဲ ဆီးေတြ ဒလေဟာ ထြက္ က်ေနၿပီး အဲဒီ ဆီးေတြကလည္း ခ်ဳိေနတယ္လို႔ အဓိကၫႊန္းဆို ေခၚေဝၚတာပါပဲ။ အမ်ား ျပည္သူ ေတြက ‘ဆီးခ်ဳိ’ လို႔ နားလည္ လက္ခံထားတဲ့ ေရာဂါကို ဒီေန႔ ကာလေခတ္ေပၚ အဓိပၸာယ္ သတ္မွတ္ခ်က္ အရ ‘ေသြးခ်ဳိေရာဂါ’ လို႔ျပင္ၿပီး ေခၚလိုက္ရင္ လူေတြက ေရာဂါ အသစ္တစ္ခုလို႔ ပဲ ထင္ျမင္မွာပါပဲ။ ‘ဆီးခ်ဳိ’ ရတာဟာ ‘ေသြးခ်ဳိ’ေန လို႔ျဖစ္တာ ဆိုၿပီး ဒီေရာဂါကို ‘ေသြးခ်ဳိ ဆီးခ်ဳိ’ လို႔ေခၚသင့္တယ္လို႔ ေျပာၾကတာေတြလည္း ရိွပါ တယ္။ ျမန္မာႏိုင္ငံမွာ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ကာ ကြယ္ထိန္းသိမ္းေရး စီမံခ်က္အေနနဲ႔ေတာ့ ျပည္သူ ေတြနဲ႔ ရင္းႏီွးၿပီးသား၊ အ႐ိုးစြဲ သိေနၿပီးသား ‘ဆီးခ်ဳိေရာဂါ’ ကို ဒီေန႔ ကာလ အဓိပၸာယ္ သတ္မွတ္ ခ်က္အရ ‘ေသြးခ်ဳိ’ ျခင္းပါထပ္ထည့္ၿပီး ‘ဆီးခ်ဳိ ေသြးခ်ဳိ’ ေရာဂါလို႔ ေခၚေဝၚ သံုးစြဲေနတာျဖစ္ပါ တယ္။ လူအမ်ား႐ႈပ္ေထြး မွားယြင္း မႈနည္း ရ ေအာင္ ေရွးထံုးကိုလည္း မပယ္၊ ေစ်းသံုးကိုလည္း မလြယ္ဆိုတဲ့ သေဘာတရား အရ ‘ဆီးခ်ဳိေသြးခ်ဳိ ေရာဂါ’ လို႔ေခၚေနတာပါပဲ။

ဆီးခ်ဳိေသြးခ်ဳိ သမားက အခ်ဳိအဆီ အဆိမ့္ ေရွာင္ရမယ္ ဆိုရင္ သူတို႔ အျခားေရာဂါနဲ႔ ေနမေကာင္းတဲ့အခါ အားရိွတယ္ ဆိုတဲ့ အိုဗာတင္းတို႔ ေဟာလစ္ တို႔လို လူမမာ အားျဖည့္ အစားအစာ ေတြကို စားေသာက္လို႔ မရႏိုင္ဘူးလား။ ဒါဆို သူတို႔က အားအင္ ျပတ္လပ္မႈ ဆိုတဲ့ ေနာက္ဆက္တြဲ ျပႆနာေတြကိုေရာ မေတြ႔ႀကံဳ ရႏိုင္ဘူးလား ဆိုတာလည္း သိခ်င္ပါတယ္။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါရွင္ေတြဟာ အားမရိွဘူး အားျပတ္တယ္ ဆိုတာ အဓိကကေတာ့ ေသြးတြင္း ေသြးခ်ဳိဓာတ္ေတြ မ်ားေနလို႔ ျဖစ္ရတာပါ။ အဲဒါကို အခ်ဳိဓာတ္ေတြ မ်ားတဲ့ ေဟာလစ္၊ အိုဗာတင္းေတြ ေသာက္မယ္ ဆိုရင္ ေရာဂါ မသက္သာဘဲ ပိုဆိုးဖို႔ပဲ ရိွပါတယ္။ ေရလိုက္လြဲတဲ့ အယူအဆေတြပဲ ျဖစ္ပါတယ္။ အခ်ဳိ မ်ားေနတဲ့ေရာဂါ ကို အခ်ဳိဓာတ္ ေတြထပ္ေသာက္လို႔ ကေတာ့ ေရာဂါ သက္သာစရာ မရိွပါဘူး။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါဟာ ကိုယ့္မွာစတင္ရိွ လာၿပီဆိုရင္ ႀကံဳရမယ့္ လကၡဏာေတြက ဘာေတြ ပါလဲ။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါျဖစ္လာရင္ ဆီးအသြား မ်ားလာတတ္ပါတယ္။ အထူးသျဖင့္ ညဘက္ ဆီးအသြား မ်ားတတ္ပါတယ္။ ေရငတ္လြန္းပါတယ္။ ဒါေၾကာင့္ ေရေတြခဏ ခဏ ေသာက္ရ ေလ့ရိွပါတယ္။ အစားအေသာက္လည္း ေကာင္းေကာင္း စားေနရက္နဲ႔ ပိန္သြားတတ္ပါတယ္။ ၿပီးေတာ့ ခႏၶာကိုယ္ အႏွံ႔ ယားယံတတ္ပါတယ္။ လိင္အဂၤါေတြ ယားယံတာမ်ဳိးေတြလည္း ျဖစ္တတ္ပါတယ္။ အေၾကာင္း မရိွဘဲနဲ႔ တစ္ေနကုန္ ႏြမ္းနယ္ ေနတာမ်ဳိး၊ ဘာပဲစားစား အားမရိွသလို နဲ႔ ႏုံးခ်ည့္ေန တတ္တာ မ်ဳိးေတြကလည္း ဒီေရာဂါေတြ ရဲ႕လကၡဏာေတြပါပဲ။ ေနာက္ အနာေတြလည္း မၾကာခဏ ေပါက္တတ္တယ္။ အနာေတြကလည္း က်က္ခဲတယ္။ ဒီေရာဂါ လကၡဏာေတြ အျဖစ္ မ်ားတယ္ ဆိုေပမယ့္ ဒီလကၡဏာေတြ ဘာမွ မျပဘဲ မခံစား ရဘဲလည္း ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ျဖစ္ေနႏိုင္ပါတယ္။ ဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါ ရဲ႕ လကၡဏာေတြကို လူေတြ သိထားသင့္ၾကသလို အဲဒီ ေရာဂါ လကၡဏာေတြမရိွ ဘဲလည္း ဆီးခ်ဳိေသြးခ်ဳိ ေရာဂါ ျဖစ္ေနတတ္တယ္ ဆိုတာ သိထား ၾကဖို႔ လိုအပ္ပါတယ္။ အခ်ဳိ႕ေသာ ေရာဂါရွင္ေတြ ကေတာ့ စျဖစ္ကတည္းက ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါ ရဲ႕ ေနာက္ဆက္တြဲ ေရာဂါေတြရဲ႕ ေရာဂါ လကၡဏာေတြ ရိွေန တတ္ ပါတယ္။ ေျခလက္ ေတြ ထံုက်ဥ္ေနတတ္တာမ်ဳိး၊ ေျခလက္ေတြ ေဖာေယာင္တာမ်ဳိး နဲ႔ တခ်ဳိ႕ကေတာ့ ေလျဖတ္ သြားတတ္ပါတယ္။ ဒါေၾကာင့္ ေရာဂါကို ေစာစီး စြာရွာ ေဖြ ေတြ႕ရိွဖို႔ လိုအပ္ပါတယ္။

ဆီးခ်ဳိ ေသြးခ်ဳိေရာဂါဟာ မ်ဳိး႐ိုးအစဥ္ လိုက္ေရာ ဆင္းသက္ လာတတ္ပါသလား။

အထက္ မွာေျပာခဲ့သလိုပဲ ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါဟာ မ်ဳိး႐ိုး လိုက္တတ္တာလည္း ဒီေရာဂါ ျဖစ္ေစတဲ့ အေၾကာင္းအခ်က္ တစ္ခုပါပဲ။
ဆီးခ်ဳိရိွသူက မ်က္စိမႈန္တယ္ဆိုတာလည္း ၾကားဖူးပါတယ္။ အဲဒီအတြက္ ေရွာင္ၾကဥ္ရမွာေတြ ကိုလည္း သိခ်င္ပါတယ္။
မ်က္စိမႈန္ျခင္း၊ မ်က္စိအျမင္လႊာ ထိခိုက္ျခင္း တို႔ဟာ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ရဲ႕ေနာက္ဆက္တြဲ ေရာဂါျဖစ္ပါတယ္။ အဓိက ေရွာင္ရမွာက ေသြးခ်ဳိဓာတ္ ကိုေကာင္းေကာင္း ထိန္းသိမ္းထားဖို႔ အခ်ဳိဓာတ္ပါတဲ့ အစာေတြ ေရွာင္ရမယ္။ ေသြးခ်ဳိ ထိန္းေဆးကို ဆရာဝန္ေပးတဲ့ အတိုင္း အတိအက် လိုက္နာၿပီး ေသာက္ေနရမယ္။ မ်က္စိကို ၆လ တစ္ခါ စစ္ေဆးၾကည့္ေနရမယ္။
စားခ်င္တာစားၿပီး ေဆးေသာက္တယ္ ဆို တဲ ့ ဆီးခ်ဳိေသြးခ်ဳိ မားေတြကို ဘာမ်ားေျပာလို ပါသလဲ။
အင္မတန္ အႏၲရာယ္ မ်ားတဲ့ အမူအက်င့္ပါ။ ဆီးခ်ဳိေသြးခ်ဳိေရာဂါ ျဖစ္ၿပီ ဆိုကတည္းက စားခ်င္တာ စားလို႔မရပါဘူး။ စားသင့္တာပဲ စားရမွာပါ။ အစားမေရွာင္ ဘဲ ေဆးေသာက္ေန ႐ံုသက္သက္နဲ႔ ေသြးခ်ဳိ ေကာင္းစရာ အေၾကာင္းမရိွပါဘူး။

ဒီေရာဂါက အျမစ္ျပတ္ေအာင္ ကုသလို႔ရ ႏိုင္ပါသလား။ အခ်ဳိ႕က အျမစ္ျပတ္ႏိုင္တယ္လို႔ ေဆးေတြ ၫႊန္းၾကတာေတြ ၾကားေနရပါတယ္။ အဲဒါေတြ အတြက္ေရာ ဘာ မ်ား ေျပာလိုပါ သလဲ။

ဆီးခ်ဳိေသြးခ်ဳိ ေရာဂါဟာ အျမစ္ျပတ္ေအာင္ ကုသလို႔ မရႏိုင္ပါဘူး။ အစားအေသာက္ အေန အထိုင္ ဆင္ျခင္ၿပီး ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ၿပီး ေရာဂါကို ထိန္းထား လို႔ပဲ ရႏိုင္ပါတယ္။ ဆီးခ်ဳိေသြးခ်ဳိ ေရာဂါျဖစ္ဖို႔ အဓိက အေၾကာင္းအခ်က္ ၂ ရပ္ လိုအပ္ပါတယ္။ မ်ဳိး႐ိုးဗီဇ (Genetic)နဲ႔ ပတ္ဝန္းက်င္ ဆိုင္ရာ အေၾကာင္း အခ်က္မ်ား (Environmental Factors) တို႔ပဲျဖစ္ပါတယ္။ ဗီဇနဲ႔ ပတ္ဝန္းက်င္ႏွစ္ခု အနက္ ဗီဇကို ျပဳျပင္ ေျပာင္းလဲလို႔ မရႏိုင္ပါဘူး။ ပတ္ဝန္းက်င္ ကိုသာ ျပဳျပင္ေျပာင္းလဲ ဖန္တီး ယူလို႔ ရပါတယ္။ ပတ္ဝန္းက်င္ ဆိုတာမွာ က်န္းမာေရး နဲ႔ညီၫြတ္တဲ့ လူ႔ဘဝ ေနထိုင္မႈဟန္ေတြ ျဖစ္ဖို႔လိုပါတယ္။ အစား အေသာက္၊ အေနအထိုင္၊ ပံုမွန္ေလ့ က်င့္ခန္း ျပဳလုပ္ျခင္း၊ အဝ လြန္လာျခင္းေတြကို သတိျပဳ ဆင္ျခင္ လိုက္နာ ေနထိုင္ျခင္း အားျဖင့္ လူတစ္ဦးမွာ ဆီးခ်ဳိေသြးခ်ဳိေရာဂါ မ်ဳိး႐ိုး ရိွေနရင္ေတာင္ ၆ဝ ရာခိုင္ႏႈန္းေလာက္ အထိ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ကို ကာကြယ္ႏိုင္ပါတယ္။

ကိုယ္ကာယ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္တဲ့အခါ ေသြးတြင္း သၾကားဓာတ္ က်ဆင္း သြားတတ္တယ္လို႔ ဆိုၾကတာ ၾကားဖူးပါတယ္။ ဆီးခ်ဳိေသြးခ်ဳိ သမား ကေရာ ဒီလိုျပႆနာမ်ဳိး ေတြကို ရင္ဆိုင္ရတတ္ပါသလား။ အက်ဳိးဆက္က ဘာျဖစ္တတ္ပါသလဲ။

ကိုယ္ကာယ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ ျပဳလုပ္တဲ့အခါ ေသြးတြင္း သၾကားဓာတ္ က်ဆင္း သြားတတ္တာ မွန္ပါတယ္။ ဆီးခ်ဳိေသြးခ်ဳိေရာဂါ ရွင္ေတြဟာ ပံုမွန္ ေလ့က်င့္ခန္းကို စမလုပ္မီမွာ ေကာင္းစြာ စစ္ေဆး စမ္းသပ္မႈေတြ ျပဳလုပ္သင့္ ပါတယ္။ ေလ့က်င့္ခန္း ျပဳလုပ္ဖို႔သင့္ေလ်ာ္မႈ ရိွ မရိွ ေရာဂါ ရွာေဖြမႈ ကိုလည္း ျပဳလုပ္သင့္ပါတယ္။ အထိုင္မ်ားလို႔ လႈပ္ရွားမႈနည္းသူေတြ အတြက္ ေလ့က်င့္ခန္း လုပ္မႈကို ျဖည္းျဖည္း နဲ႔မွန္မွန္ပဲ တိုး ၿပီးျပဳလုပ္သင့္ ပါတယ္။ ေလ့က်င့္ခန္း လုပ္တဲ့ ရက္ေတြမွာ အစာစားၿပီး ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။ ေသြးခ်ဳိဓာတ္ေတြ သိပ္က်သြားရင္ သတိေမ့သြားတဲ့ အထိ ျဖစ္သြားႏိုင္ပါတယ္။ ေသြးခ်ဳိဓာတ္ ဆိုတာ မ်ားလြန္းလည္း မေကာင္း သလို နည္းလြန္းလည္း မေကာင္းပါဘူး။

ယခုေဖာ္ျပခဲ့တဲ့ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ အေၾကာင္း ဖတ္႐ႈၿပီးခဲ့တဲ့ ရတီ ပရိသတ္အတြက္ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါ ကာကြယ္ေရွာင္ရွားဖို႔ အခ်ဳိ ဓာတ္၊ အငန္ဓာတ္နဲ႔ ဆီလြန္ကဲစြာ စားသံုးမႈကို ေရွာင္ၾကဥ္ရတယ္ဆိုတာ သတိျပဳမိၿပီး ျဖစ္မွာပါ။ ထို႔အတူပဲ မိမိရဲ႕ခႏၶာ ကိုယ္လည္ပတ္မႈ လုပ္ငန္းစဥ္မွာ သာမန္ ထက္ပိုလို႔ ဆီးသြား မ်ား လာ၊ ေရငတ္လြန္း လာတာေတြ ျဖစ္ေနရင္ ဆီးခ်ဳိေသြးခ်ဳိ တက္ၿပီလားလို႔ ဆန္းစစ္ဖို႔ လိုပါလိမ့္မယ္။ ဒါေၾကာင့္ က်န္းမာတဲ့ လူမႈဘဝ ရရွိဖို႔ မွန္ကန္ တဲ့ ေနထိုင္ စားေသာက္မႈ ဓေလ့ေတြ ကို ဒီက႑ကေန ရရွိေစဖို႔ ဆႏၵျပဳလိုက္ပါတယ္။

ရတီမဂၢဇင္း

Unicode

သိထားသင့်တဲ့ ဆီးချိုသွေးချို အန္တရာယ်

ချို၊ ချဉ်၊ စပ်၊ ဖန်၊ ငန်၊ ခါး ဆိုတဲ့ အရသာ ၆ ပါး အနက် အများစုက ချိုမြိန် အရသာကို ပိုလို့ နှစ်သက်တတ်ကြလေ့ ရှိပါတယ်။ ဒီအချိုဓာတ်ဟာ သွေးတွင်း လွန်ကဲ လာတဲ့ အခါ ဘေးဥပါဒ် ဖြစ်စေတတ်ပါတယ်။ မလေးရှား နိုင်ငံမှာ လူဦးရေ ၁.၈ သန်း ခန့်ဟာ သကြားဓာတ် လွန်ကဲစွာ စားသုံး မှုကြောင့် ဆီးချိုနဲ့ နှလုံးရောဂါ ဝေဒနာကို ခံစားနေ ကြရပါတယ်။ WHO ကတော့ လူသားတွေရဲ့ နေ့စဉ်စား သုံးမှုမှာ သကြားဓာတ်ကို တစ်အောင်စ ခန့် လောက်တောင် ထည့်သွင်း စားသုံးဖို့ မသင့် ကြောင်း အဆိုပြု ထားပါတယ်။ ဆီးချိုသွေးချိုဟာ အချိုဓာတ် စားသုံးမှုလွန်ကဲရုံမက အငန်ဓာတ်နဲ့ အဆီ များလွန်းတဲ့ အစားအစာကြောင့်လည်း ဖြစ်တတ်တာမို့ ဆီနဲ့အငန် ကြိုက်ပြီး ထမင်းစားပြီးချိန် အချိုတည်းတတ်ကြသူ မြန်မာလူမျိုးတွေ အဖို့ သတိပြုမိ ဆင်ခြင်စရာတစ်မျိုးပါပဲ။ ဒါကြောင့် ရတီ ပရိသတ် များအတွက် ဆီးချို သွေးချို ဆိုင်ရာ အတွက် ကျန်းမာရေး ဗဟုသုတ တွေကို ဆေးတက္ကသိုလ် ၂ ရဲ့ ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်နဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ သမျှ မျှဝေပေးလိုက်ပါတယ်။

ဆီးချိုရောဂါ ဟာ အချိုဓာတ် လွန်ကဲစွာ စားသုံးမှု ကြောင့်ဖြစ်ရတာ ဟုတ်ပါသလား။

ဆီးချိုသွေးချို ရောဂါ ဆိုတာက အချို ဓာတ်လွန်ကဲစွာ စားသုံးမှုကြောင့် တစ်ခုတည်း မကဘဲ ချိုလွန်း၊ ငန်လွန်း၊ အဆီများ လွန်းတဲ့ အစားအစာတွေ စားသုံးရင် လည်း ဖြစ်တတ်ပါတယ်။ အဝလွန်သူတွေနဲ့ ကိုယ်ကာယ လှုပ်ရှားမှု နည်းပါးလွန်းသူတွေ၊ နောက် ဆွေမျိုးရင်း ချာတွေမှာ ဆီးချိုသွေးချို ရောဂါရှိသူတွေ၊ ဆီးချိုသွေး ချိုရောဂါ အဖြစ်များတဲ့ လူမျိုးနွယ်စုတွေ၊ သွေးတိုး ရောဂါ ရှိသူတွေ၊ ၉ပေါင်နဲ့အထက် ကိုယ် အလေးချိန်ရှိတဲ့ ကလေး မီးဖွားတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ပွားတဲ့ ဆီးချိုသွေးချို ရောဂါဖြစ်ဖူးတဲ့ အမျိုးသမီးတွေ၊ သားဥမှာ အရည်အိတ်တွေ တည်နေတဲ့ ရောဂါစု ရှိသူ အမျိုးသမီးတွေရယ် နဲ့ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖူးတဲ့ သူတွေ၊ ဆီးချို သွေးချိုရောဂါ ကနဦး အဆင့်ရှိသူတွေ စတာတွေကြောင့် ဆီးချို သွေးချိုရောဂါ ဖြစ်လာတာဖြစ်ပါတယ်။

သွေးချိုရောဂါကရော ဆီးချိုနဲ့ အတူတူပဲ လား၊ဆီးချိုရဲ့နောက်ဆက်တွဲ ရောဂါလား ဒါမှမဟုတ်သီးသန့်စီဖြစ်သလား သိချင်ပါတယ်။

ဆီးချိုသွေးချို ရောဂါဆိုတာ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းလို့ဖြစ်ပေါ်လာတဲ့ ရောဂါစုတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်တွင်း အင်ဆူလင် ဟော်မုန်းဓာတ် ချို့တဲ့နေလို့ဖြစ်စေ၊ အာနိ သင်လျော့နည်း နေလို့ဖြစ်စေ၊ ကစီဓာတ်၊ အသားဓာတ် နဲ့ အဆီဓာတ်တို့ အားလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်စီးပြီး သွေး တွင်း အချိုဓာတ်တွေ အစဉ်တစိုက် နှစ်လကြာ ရှည်အောင် များပြားနေတဲ့ ရောဂါစု တစ်ခု ဖြစ်ပါ တယ်။ ဒီနေ့ကာလမှာ အများက လက်ခံထားတဲ့ ရောဂါအမည် အဓိပ္ပာယ်ဖွင့်ဆိုချက် (Definiation) ကို ဘာသာပြန် ထားတာ ပဲဖြစ်တယ်။ အဲဒီ အဓိပ္ပာယ် သတ်မှတ်ချက် အရတော့ ဒီ Diabetes Mellitus ရောဂါကို ‘သွေးချို’ ရောဂါလို့ပဲ ခေါ်သင့်တာပေါ့လေ။ ဒါပေမဲ့ ပြည်သူလူထု က ရှေးပဝေသဏီ တည်းကစပြီး အစဉ်တစိုက် လက်ခံ သုံးစွဲလာတဲ့ ‘ဆီးချိုရောဂါ’ နဲ့ လုံးဝမတူဘဲ ရောဂါ အသစ် တစ်ခုလို့ မှတ်ထင် ယူဆသွားစရာ ရှိတယ်။ အမှန် တကယ်လည်း အထင်လွဲနေကြောင်း နေ့စဉ်တွေ့နေရတာပါပဲ။

Diabetes Mellitus ရောဂါရှိသူရဲ့ ဆီးကို ရှေးခေတ် သမားတော်တွေ လျှာနဲ့ တို့ကြည့်တဲ့အခါ ချိုနေတာ ကို ရှာဖွေတွေ့ရှိ ခဲ့ကြလို့ ‘ဆီးချိုရောဂါ’ လို့ အရင်ကတည်းက ခေါ် ဝေါ်သုံးစွဲခဲ့ကြတာ။ Diabetes Mellitus ရဲ့ မူရင်း အဓိပ္ပာယ်ကိုကပဲ ဆီးတွေ ဒလဟော ထွက် ကျနေပြီး အဲဒီ ဆီးတွေကလည်း ချိုနေတယ်လို့ အဓိကညွှန်းဆို ခေါ်ဝေါ်တာပါပဲ။ အများ ပြည်သူ တွေက ‘ဆီးချို’ လို့ နားလည် လက်ခံထားတဲ့ ရောဂါကို ဒီနေ့ ကာလခေတ်ပေါ် အဓိပ္ပာယ် သတ်မှတ်ချက် အရ ‘သွေးချိုရောဂါ’ လို့ပြင်ပြီး ခေါ်လိုက်ရင် လူတွေက ရောဂါ အသစ်တစ်ခုလို့ ပဲ ထင်မြင်မှာပါပဲ။ ‘ဆီးချို’ ရတာဟာ ‘သွေးချို’နေ လို့ဖြစ်တာ ဆိုပြီး ဒီရောဂါကို ‘သွေးချို ဆီးချို’ လို့ခေါ်သင့်တယ်လို့ ပြောကြတာတွေလည်း ရှိပါ တယ်။ မြန်မာနိုင်ငံမှာ ဆီးချို သွေးချိုရောဂါ ကာ ကွယ်ထိန်းသိမ်းရေး စီမံချက်အနေနဲ့တော့ ပြည်သူ တွေနဲ့ ရင်းနှီးပြီးသား၊ အရိုးစွဲ သိနေပြီးသား ‘ဆီးချိုရောဂါ’ ကို ဒီနေ့ ကာလ အဓိပ္ပာယ် သတ်မှတ် ချက်အရ ‘သွေးချို’ ခြင်းပါထပ်ထည့်ပြီး ‘ဆီးချို သွေးချို’ ရောဂါလို့ ခေါ်ဝေါ် သုံးစွဲနေတာဖြစ်ပါ တယ်။ လူအများရှုပ်ထွေး မှားယွင်း မှုနည်း ရ အောင် ရှေးထုံးကိုလည်း မပယ်၊ စျေးသုံးကိုလည်း မလွယ်ဆိုတဲ့ သဘောတရား အရ ‘ဆီးချိုသွေးချို ရောဂါ’ လို့ခေါ်နေတာပါပဲ။

ဆီးချိုသွေးချို သမားက အချိုအဆီ အဆိမ့် ရှောင်ရမယ် ဆိုရင် သူတို့ အခြားရောဂါနဲ့ နေမကောင်းတဲ့အခါ အားရှိတယ် ဆိုတဲ့ အိုဗာတင်းတို့ ဟောလစ် တို့လို လူမမာ အားဖြည့် အစားအစာ တွေကို စားသောက်လို့ မရနိုင်ဘူးလား။ ဒါဆို သူတို့က အားအင် ပြတ်လပ်မှု ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုရော မတွေ့ကြုံ ရနိုင်ဘူးလား ဆိုတာလည်း သိချင်ပါတယ်။

ဆီးချိုသွေးချို ရောဂါရှင်တွေဟာ အားမရှိဘူး အားပြတ်တယ် ဆိုတာ အဓိကကတော့ သွေးတွင်း သွေးချိုဓာတ်တွေ များနေလို့ ဖြစ်ရတာပါ။ အဲဒါကို အချိုဓာတ်တွေ များတဲ့ ဟောလစ်၊ အိုဗာတင်းတွေ သောက်မယ် ဆိုရင် ရောဂါ မသက်သာဘဲ ပိုဆိုးဖို့ပဲ ရှိပါတယ်။ ရေလိုက်လွဲတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။ အချို များနေတဲ့ရောဂါ ကို အချိုဓာတ် တွေထပ်သောက်လို့ ကတော့ ရောဂါ သက်သာစရာ မရှိပါဘူး။

ဆီးချိုသွေးချို ရောဂါဟာ ကိုယ့်မှာစတင်ရှိ လာပြီဆိုရင် ကြံုရမယ့် လက္ခဏာတွေက ဘာတွေ ပါလဲ။

ဆီးချိုသွေးချို ရောဂါဖြစ်လာရင် ဆီးအသွား များလာတတ်ပါတယ်။ အထူးသဖြင့် ညဘက် ဆီးအသွား များတတ်ပါတယ်။ ရေငတ်လွန်းပါတယ်။ ဒါကြောင့် ရေတွေခဏ ခဏ သောက်ရ လေ့ရှိပါတယ်။ အစားအသောက်လည်း ကောင်းကောင်း စားနေရက်နဲ့ ပိန်သွားတတ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ် အနှံ့ ယားယံတတ်ပါတယ်။ လိင်အင်္ဂါတွေ ယားယံတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အကြောင်း မရှိဘဲနဲ့ တစ်နေကုန် နွမ်းနယ် နေတာမျိုး၊ ဘာပဲစားစား အားမရှိသလို နဲ့ နုံးချည့်နေ တတ်တာ မျိုးတွေကလည်း ဒီရောဂါတွေ ရဲ့လက္ခဏာတွေပါပဲ။ နောက် အနာတွေလည်း မကြာခဏ ပေါက်တတ်တယ်။ အနာတွေကလည်း ကျက်ခဲတယ်။ ဒီရောဂါ လက္ခဏာတွေ အဖြစ် များတယ် ဆိုပေမယ့် ဒီလက္ခဏာတွေ ဘာမှ မပြဘဲ မခံစား ရဘဲလည်း ဆီးချို သွေးချိုရောဂါ ဖြစ်နေနိုင်ပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဆီးချို သွေးချို ရောဂါ ရဲ့ လက္ခဏာတွေကို လူတွေ သိထားသင့်ကြသလို အဲဒီ ရောဂါ လက္ခဏာတွေမရှိ ဘဲလည်း ဆီးချိုသွေးချို ရောဂါ ဖြစ်နေတတ်တယ် ဆိုတာ သိထား ကြဖို့ လိုအပ်ပါတယ်။ အချို့သော ရောဂါရှင်တွေ ကတော့ စဖြစ်ကတည်းက ဆီးချို သွေးချို ရောဂါ ရဲ့ နောက်ဆက်တွဲ ရောဂါတွေရဲ့ ရောဂါ လက္ခဏာတွေ ရှိနေ တတ် ပါတယ်။ ခြေလက် တွေ ထုံကျဉ်နေတတ်တာမျိုး၊ ခြေလက်တွေ ဖောယောင်တာမျိုး နဲ့ တချို့ကတော့ လေဖြတ် သွားတတ်ပါတယ်။ ဒါကြောင့် ရောဂါကို စောစီး စွာရှာ ဖွေ တွေ့ရှိဖို့ လိုအပ်ပါတယ်။

ဆီးချို သွေးချိုရောဂါဟာ မျိုးရိုးအစဉ် လိုက်ရော ဆင်းသက် လာတတ်ပါသလား။

အထက် မှာပြောခဲ့သလိုပဲ ဆီးချို သွေးချို ရောဂါဟာ မျိုးရိုး လိုက်တတ်တာလည်း ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းအချက် တစ်ခုပါပဲ။
ဆီးချိုရှိသူက မျက်စိမှုန်တယ်ဆိုတာလည်း ကြားဖူးပါတယ်။ အဲဒီအတွက် ရှောင်ကြဉ်ရမှာတွေ ကိုလည်း သိချင်ပါတယ်။
မျက်စိမှုန်ခြင်း၊ မျက်စိအမြင်လွှာ ထိခိုက်ခြင်း တို့ဟာ ဆီးချို သွေးချိုရောဂါ ရဲ့နောက်ဆက်တွဲ ရောဂါဖြစ်ပါတယ်။ အဓိက ရှောင်ရမှာက သွေးချိုဓာတ် ကိုကောင်းကောင်း ထိန်းသိမ်းထားဖို့ အချိုဓာတ်ပါတဲ့ အစာတွေ ရှောင်ရမယ်။ သွေးချို ထိန်းဆေးကို ဆရာဝန်ပေးတဲ့ အတိုင်း အတိအကျ လိုက်နာပြီး သောက်နေရမယ်။ မျက်စိကို ၆လ တစ်ခါ စစ်ဆေးကြည့်နေရမယ်။
စားချင်တာစားပြီး ဆေးသောက်တယ် ဆို တဲ ့ ဆီးချိုသွေးချို မားတွေကို ဘာများပြောလို ပါသလဲ။
အင်မတန် အန္တရာယ် များတဲ့ အမူအကျင့်ပါ။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပြီ ဆိုကတည်းက စားချင်တာ စားလို့မရပါဘူး။ စားသင့်တာပဲ စားရမှာပါ။ အစားမရှောင် ဘဲ ဆေးသောက်နေ ရုံသက်သက်နဲ့ သွေးချို ကောင်းစရာ အကြောင်းမရှိပါဘူး။

ဒီရောဂါက အမြစ်ပြတ်အောင် ကုသလို့ရ နိုင်ပါသလား။ အချို့က အမြစ်ပြတ်နိုင်တယ်လို့ ဆေးတွေ ညွှန်းကြတာတွေ ကြားနေရပါတယ်။ အဲဒါတွေ အတွက်ရော ဘာ များ ပြောလိုပါ သလဲ။

ဆီးချိုသွေးချို ရောဂါဟာ အမြစ်ပြတ်အောင် ကုသလို့ မရနိုင်ပါဘူး။ အစားအသောက် အနေ အထိုင် ဆင်ခြင်ပြီး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီး ရောဂါကို ထိန်းထား လို့ပဲ ရနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါဖြစ်ဖို့ အဓိက အကြောင်းအချက် ၂ ရပ် လိုအပ်ပါတယ်။ မျိုးရိုးဗီဇ (Genetic)နဲ့ ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်း အချက်များ (Environmental Factors) တို့ပဲဖြစ်ပါတယ်။ ဗီဇနဲ့ ပတ်ဝန်းကျင်နှစ်ခု အနက် ဗီဇကို ပြုပြင် ပြောင်းလဲလို့ မရနိုင်ပါဘူး။ ပတ်ဝန်းကျင် ကိုသာ ပြုပြင်ပြောင်းလဲ ဖန်တီး ယူလို့ ရပါတယ်။ ပတ်ဝန်းကျင် ဆိုတာမှာ ကျန်းမာရေး နဲ့ညီညွတ်တဲ့ လူ့ဘဝ နေထိုင်မှုဟန်တွေ ဖြစ်ဖို့လိုပါတယ်။ အစား အသောက်၊ အနေအထိုင်၊ ပုံမှန်လေ့ ကျင့်ခန်း ပြုလုပ်ခြင်း၊ အဝ လွန်လာခြင်းတွေကို သတိပြု ဆင်ခြင် လိုက်နာ နေထိုင်ခြင်း အားဖြင့် လူတစ်ဦးမှာ ဆီးချိုသွေးချိုရောဂါ မျိုးရိုး ရှိနေရင်တောင် ၆ဝ ရာခိုင်နှုန်းလောက် အထိ ဆီးချို သွေးချိုရောဂါ ကို ကာကွယ်နိုင်ပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ သွေးတွင်း သကြားဓာတ် ကျဆင်း သွားတတ်တယ်လို့ ဆိုကြတာ ကြားဖူးပါတယ်။ ဆီးချိုသွေးချို သမား ကရော ဒီလိုပြဿနာမျိုး တွေကို ရင်ဆိုင်ရတတ်ပါသလား။ အကျိုးဆက်က ဘာဖြစ်တတ်ပါသလဲ။

ကိုယ်ကာယ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်တဲ့အခါ သွေးတွင်း သကြားဓာတ် ကျဆင်း သွားတတ်တာ မှန်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှင်တွေဟာ ပုံမှန် လေ့ကျင့်ခန်းကို စမလုပ်မီမှာ ကောင်းစွာ စစ်ဆေး စမ်းသပ်မှုတွေ ပြုလုပ်သင့် ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ဖို့သင့်လျော်မှု ရှိ မရှိ ရောဂါ ရှာဖွေမှု ကိုလည်း ပြုလုပ်သင့်ပါတယ်။ အထိုင်များလို့ လှုပ်ရှားမှုနည်းသူတွေ အတွက် လေ့ကျင့်ခန်း လုပ်မှုကို ဖြည်းဖြည်း နဲ့မှန်မှန်ပဲ တိုး ပြီးပြုလုပ်သင့် ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့ ရက်တွေမှာ အစာစားပြီး လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ သွေးချိုဓာတ်တွေ သိပ်ကျသွားရင် သတိမေ့သွားတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ သွေးချိုဓာတ် ဆိုတာ များလွန်းလည်း မကောင်း သလို နည်းလွန်းလည်း မကောင်းပါဘူး။

ယခုဖော်ပြခဲ့တဲ့ ဆီးချို၊ သွေးချိုရောဂါ အကြောင်း ဖတ်ရှုပြီးခဲ့တဲ့ ရတီ ပရိသတ်အတွက် ဆီးချို သွေးချိုရောဂါ ကာကွယ်ရှောင်ရှားဖို့ အချို ဓာတ်၊ အငန်ဓာတ်နဲ့ ဆီလွန်ကဲစွာ စားသုံးမှုကို ရှောင်ကြဉ်ရတယ်ဆိုတာ သတိပြုမိပြီး ဖြစ်မှာပါ။ ထို့အတူပဲ မိမိရဲ့ခန္ဓာ ကိုယ်လည်ပတ်မှု လုပ်ငန်းစဉ်မှာ သာမန် ထက်ပိုလို့ ဆီးသွား များ လာ၊ ရေငတ်လွန်း လာတာတွေ ဖြစ်နေရင် ဆီးချိုသွေးချို တက်ပြီလားလို့ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာတဲ့ လူမှုဘဝ ရရှိဖို့ မှန်ကန် တဲ့ နေထိုင် စားသောက်မှု ဓလေ့တွေ ကို ဒီကဏ္ဍကနေ ရရှိစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

ရတီမဂ္ဂဇင်း