
Image may contain: 2 people, people sitting and people standing




Image may contain: 17 people, people standing



Author – မာရီခိုင်
Kumudra

Unicode

လက်နက်ကိုင်နှစ်ဖွဲ့ အပစ်ရပ် လက်မှတ် ထိုးလိုက်ပြီ

Image may contain: one or more people and people standing

နေပြည်​ေ​တာ် ​ဖေ​​ဖော်​ဝါရီလ – (၁၃)ရက်​

အစိုးရနဲ ့မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်​တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို သည်​က​နေ့ ဖေဖော်ဝါရီ ၁၃ ရက်​နေ့မှာ လက်​မှတ်​​ ရေးထိုး လိုက်ပါတယ်​။

Image may contain: 4 people, people sitting and text

လက်မှတ် ရေးထိုးရာမှာ အစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပါအဝင် အစိုးရ ၊ လွှတ်တော်၊ တပ်မတော် ခေါင်းဆောင် စုစု​ပေါင်​း ၁၁ ဦး နဲ ့NMSP ဥက္ကဌ နိုင်ထောမွန် ၊ LDU ဥက္ကဌ ကြာခွန်ဆာ တို့ အပါအဝင် တိုင်းရင်းသား အဖွဲ့ နှစ်ဖွဲ့မှ ၆ ဦး လက်မှတ် ရေးထိုးကြပါတယ်​။

Image may contain: 5 people, people sitting and indoor

ဒါ့အပြင်​ ပြည်​တွင်​းပြည်​ပမှ ​အသိ သက်သေများ ကလည်း လက်မှတ် ရေးထိုးကြပါတယ်​။

သည်​က​နေ့ ကျင်​းပတဲ့ NCA လက်​မှတ်​ထိုးပွဲဟာ လက်​ရှိအစိုးရလက်​ထက်​မှာ ပထမဆုံးအကြိမ်​ ကျင်​းပနိုင်​တာဖြစ်​ပါတယ်​။
အရင် အစိုးရ လက်ထက်က ​​​ NCA လက်​မှတ်​​ရေးထိုး ထားတဲ့ တိုင်​းရင်​းသား လက်​နက်​ကိုင်​ အဖွဲ့ ​ပေါင်​း (၈) ခု အထိ ရှိခဲ့ပြီး သည်​က​နေ့​ ရေးထိုးလိုက်​တဲ့ အဖွဲ့နှစ်​ဖွဲ့ အပါအဝင်​ ဆိုရင်​ NCA လက်​မှတ်​​ ရေးထိုးထားတဲ့ အဖွဲ့ပေါင်​း ၁၀ ဖွဲ့ အထိ ရှိ​နေပြီ ဖြစ်​ပါတယ်​။

Author – မာရီခိုင်
Kumudra