ကေလးကိုခ်စ္ရင္ ႏႈတ္ခမ္းကို မနမ္းပါႏွင့္

Image may contain: 1 person, text

ပါး​မို႔မို႔​ေဖာင္​း​ေဖာင္​း၊ မ်က္​လံုးဝိုင္​းစက္​စက္​၊ ႏႈတ္​ခမ္​းစူဖူးဖူး​ေလး​ေတြနဲ႔ ​ေမြးခါစ
က​ေလးငယ္​ငယ္​​ေလး​ေတြဟာ ဘယ္​လို​ေန​ေန ခ်စ္​စရာ​ေကာင္​း​ေနတတ္​ၾကပါတယ္​။
ဒါ​ေၾကာင္​့ လူၾကားထဲကို​ေရာက္​ၾကၿပီဆိုရင္​ လူတကာဟာ က​ေလးေလ​းေတြကို
​ေပြ႕ခ်င္​ခ်ီခ်င္​နမ္​းခ်င္​ တတ္​ၾကပါတယ္​။

ဒါ​ေၾကာင္​့မိဘ​ေတြဟာ က​ေလးကို လူတကာ ​ေပြ႕ခ်ီနမ္​းရႈံ႕ၿပီးပါက
ဘတ္​တီရီးယားပိုးမႊား​ေတြ တြယ္​ကပ္​မႈရိွမ​ေန​ေစဖို႔ ပိုးသတ္​ပုဝါနဲ႔ ​ေသခ်ာသုတ္​သင္​ ​ေပးသင့္ပါတယ္​။

ဒါ​ေပမယ္​့ ဘယ္​လိုပဲသန္​႔ရွင္​း​ေအာင္​သုတ္​သုတ္​ ​ေခါင္​းမာတတ္​တဲ့ ပိုးတစ္​မ်ိဳးရွိ​ေနပါတယ္​။
နမ္​းရႈ႕ံရာမွ ကူးစက္​တတ္​ၿပီး ​ေသ​ေစ​ေလာက္​တဲ့အထိ ျဖစ္​တတ္​ပါတယ္​။

နမ္​းရႈံ႕ျခင္​းရဲ႕ အႏၱရာယ္​သား​ေကာင္​ က​ေလးငယ္​မ်ား

ကလဲရ္​ ဟင္​ဒါဆင္​ ရဲ႕သမီးက​ေလး ဘ႐ြတ္​ခ္​ကို ​ေမြးဖြားစဥ္​က ​ေဆြမ်ဳးိအ​ေပါင္​းအသင္​း အ​ေတာ္​မ်ားမ်ားဟာ
​ေဆးရံုကို သတင္​း​ေမး က​ေလးလာၾကည္​့ၾကပါတယ္​။ ဒီလိုလာၾကည္​့ၾကသူထဲမွာ
​ေရယုန္​​ေရာဂါပိုး (Herpes simplex virus 1) သယ္​​ေဆာင္​ထားသူတစ္​ဦးပါလာခဲ့တာကို​ေတာ့ တစ္​ဦးတစ္​​ေယာက္​မ်ွ မသိခဲ့ၾကပါဘူး။​

ဒီ​ေရာဂါဟာ မထင္​မွတ္​​ေလာက္​​ေအာင္​ကို အျဖစ္​မ်ားပါတယ္​။ တစ္​ကမ႓ာလံုးရဲ႕ လူဦး​ေရ ၆၇%ဟာ
​ေရာဂါပိုးရွိ​ေနနိုင္ၿပီး အ​ေတာ္​မ်ားမ်ားဟာ ဘ႐ြတ္​ခ္​က​ေလးကို လာၾကည္​့သူလိုပဲ ပိုးရွိမွန္​းမသိ ရွိ​ေနတတ္​ၾကပါတယ္​။

လူႀကီးတစ္​​ေယာက္​ရဲ႕ ကိုယ္​ခံစြမ္​းအားဟာ ​ေရာဂါပိုးကို ခံနိုင္​ရည္​ရွိတဲ့အတြက္​ နမ္​းရႈ႕ံရံု​ေလာက္​မ်ွနဲ႔ ​ေရာဂါႀကီးႀကီးမားမား မျဖစ္​တတ္​ၾကပါဘူး။ အဆိုးဆံုး ပါးစပ္​​ေရယံုအနာ​ေပါက္​ရံု​ေလာက္​သာ ျဖစ္​တတ္​ပါတယ္​။

ဒါ​ေပမယ္​့ ​ေမြးခါစက​ေလးတစ္​​ေယာက္​ရဲ႕ ကိုယ္​ခံစြမ္​းအားအရ​ေတာ့ ​ေသ​ေစနိုင္​တဲ့အထိ ျဖစ္​တတ္​ပါတယ္​။

တစ္​ရက္​မွာ ကလဲရ္​ဟာ က​ေလးထမင္​းခြ႕ံရင္​း ဘရြတ္​ခ္​ရဲ႕ ပါးစပ္​နားတစ္​ဝိုက္​မွာ အနာဖု​ေလ​းေတြ ​
ေပါက္​လုဆဲဆဲျဖစ္​​ေနတာကို ​ေတြ႕ရပါတယ္​။ ​ေဆးရံု​ေရာက္​တဲ့အခါ ဆရာဝန္​​ေတြက က​ေလး​ေတြဟာ
​ေမြးခါစ၃လအတြင္​းမွာ ဒီ​ေရယုန္​ဗိုင္​းရပ္​စ္​ပိုး(HSV1) ကို ထိ​ေတြ႕မိပါက ပိုးဟာ
က​ေလးခႏၶာကိုယ္​တစ္​ခုလံုးကို ပ်႕ံႏွံ႔ၿပီး ဦး​ေႏွာက္​နဲ႔ အသည္​းပ်က္​စီး ဆံုးရွံုးသြားနိုင္​တယ္​လို႔ ​ဆိုပါတယ္​။

ကံ​ေကာင္​း​ေထာက္​မတာက​ေတာ့ ဘ႐ြတ္​ခ္​​ေလးရဲ႕ ​ေရာဂါအ​ေျခ​အ​ေနဟာ ကုသလို႔နိုင္​​ေသးတာပဲ ျဖစ္​ပါတယ္​။

ဒါ​ေပမယ္​့ ဒီလို​ေရာဂါပိုးဝင္​သူ က​ေလးမိဘအ​ခ်ိဳ႕က​ေတာ့ ဒီလို ကံမ​ေကာင္​းၾကပါဘူး။

၂၀၀၈ခုႏွစ္​မွာ ခ်ား​ေလာ့နဲ႔မိုဟာမက္​ ဇနီး​ေမာင္​ႏွံဟာ ၁၁လသမီးက​ေလး မိုင္​ရာကို ဆံုးရႈံးခဲ့ၾကပါတယ္​။
မိုင္​ရာက​ေလးရဲ႕ ခႏၶာကိုယ္​ဟာ HSV1 ဗိုင္​းရပ္​စ္​ကို ျပန္​တိုက္​ဖို႔ ခုခံစြမ္​းအား မတိုးတက္​​ေသးတဲ့အတြက္​ ျဖစ္​ပါတယ္​။

ထို႔အတူပဲ ၂၀၁၃မွာ ၂လအရြယ္​ ကိုင္​ဒန္​ မက္​​ေကာမစ္​ခ္ ​ေလးဟာ သူအ​ေဖရဲ႕ နမ္​းရႈံ႕မႈက​ေန HSV1 ဗိုင္​းရပ္​စ္​ပိုး ကူးစက္​ရာမွ အသီးအကင္​းဘဝမွာတင္​ ​​ေစာ​ေႂကြခဲ့ရပါတယ္​။

က​ေလ​း​ေတြမွာ HSV1 ဗိုင္​းရပ္​စ္​ပိုးမျဖစ္​​ေအာင္​ ဘယ္​လို ကာကြယ္​ၾကမလဲ။

လူအမ်ားစုဟာ က​ေလးကို နမ္​းရႈံ႕လိုက္​ျခင္​းက ဘယ္​​ေလာက္​အထိ အႏၱရာယ္​ရွိတယ္​ဆိုတာ မသိၾကပါဘူး။ ဒါ​ေၾကာင္​့ အခုသိၿပီးတဲ့အခါ ​​ေနာက္​ပိုင္​းမွာ ​ေရာဂါပိုးရဲ႕ ​ေရာဂါလကၡဏာ​ေတြ မရွိခဲ့ရင္​​ေတာင္​ က​ေလး​ေလး​ေတြကို အလြယ္​တကူ အမွတ္​တမဲ့ မ်က္​ႏွာကို နမ္​းျခင္​း မလုပ္​သင္​့ပါဘူး။

က​ေလး​ေတြမွာလည္​း ​ေအာက္​ပါ​ေရာဂါလကၡဏာ​ေတြ ရွိမရွိကို အၿမဲတ​ေစ မ်က္​​ေျခမပ်က္​ ၾကည္​့သင္​့ပါတယ္​။

ဖ်ားနာျခင္​း

ဂ်ီအလြန္​က်​ေနျခင္​း

ပါးစပ္​ ႏႈတ္​ခမ္​းတစ္​ဝိုက္​ ပူစပ္​ပူ​ေလာင္​ျဖစ္​​ေနျခင္​း

မ်က္​ႏွာမွာ ​ေရယုန္​အနာမ်ား ​ေပါက္​​ေနျခင္း

ဒီလကၡဏာ​ေတြရွိ​ေနပါက က​ေလးကို နီးစပ္​ရာ​ေဆးရံုကို အျမန္​​ေခၚသြားသင္​့ပါတယ္​။
အခ်ိန္​မီ​ေဆးရံု​ေရာက္​မွသာလ်ွင္​ ဆရာဝန္​မ်ားက ​ေရာဂါကို ​ေပ်ာက္​ကင္​း​ေအာင္​
ကုသ အသက္​ကယ္​နိုင္​မွာ​ ျဖစ္​ပါတယ္​။​

Dr. Emerald
DrMyanmar

Unicode

ကလေးကိုချစ်ရင် နှုတ်ခမ်းကို မနမ်းပါနှင့်

ပါး​မို့မို့​ဖောင်​း​ဖောင်​း၊ မျက်​လုံးဝိုင်​းစက်​စက်​၊ နှုတ်​ခမ်​းစူဖူးဖူး​လေး​တွေနဲ့ ​မွေးခါစ
က​လေးငယ်​ငယ်​​လေး​တွေဟာ ဘယ်​လို​နေ​နေ ချစ်​စရာ​ကောင်​း​နေတတ်​ကြပါတယ်​။
ဒါ​ကြောင်​့ လူကြားထဲကို​ရောက်​ကြပြီဆိုရင်​ လူတကာဟာ က​လေးလေ​းတွေကို
​ပွေ့ချင်​ချီချင်​နမ်​းချင်​ တတ်​ကြပါတယ်​။

ဒါ​ကြောင်​့မိဘ​တွေဟာ က​လေးကို လူတကာ ​ပွေ့ချီနမ်​းရှုံ့ပြီးပါက
ဘတ်​တီရီးယားပိုးမွှား​တွေ တွယ်​ကပ်​မှုရှိမ​နေ​စေဖို့ ပိုးသတ်​ပုဝါနဲ့ ​သေချာသုတ်​သင်​ ​ပေးသင့်ပါတယ်​။

ဒါ​ပေမယ်​့ ဘယ်​လိုပဲသန်​့ရှင်​း​အောင်​သုတ်​သုတ်​ ​ခေါင်​းမာတတ်​တဲ့ ပိုးတစ်​မျိုးရှိ​နေပါတယ်​။
နမ်​းရှု့ံရာမှ ကူးစက်​တတ်​ပြီး ​သေ​စေ​လောက်​တဲ့အထိ ဖြစ်​တတ်​ပါတယ်​။

နမ်​းရှုံ့ခြင်​းရဲ့ အန္တရာယ်​သား​ကောင်​ က​လေးငယ်​များ

ကလဲရ်​ ဟင်​ဒါဆင်​ ရဲ့သမီးက​လေး ဘရွတ်​ခ်​ကို ​မွေးဖွားစဉ်​က ​ဆွေမျိုးအ​ပေါင်​းအသင်​း အ​တော်​များများဟာ
​ဆေးရုံကို သတင်​း​မေး က​လေးလာကြည်​့ကြပါတယ်​။ ဒီလိုလာကြည်​့ကြသူထဲမှာ
​ရေယုန်​​ရောဂါပိုး (Herpes simplex virus 1) သယ်​​ဆောင်​ထားသူတစ်​ဦးပါလာခဲ့တာကို​တော့ တစ်​ဦးတစ်​​ယောက်​မျှ မသိခဲ့ကြပါဘူး။​

ဒီ​ရောဂါဟာ မထင်​မှတ်​​လောက်​​အောင်​ကို အဖြစ်​များပါတယ်​။ တစ်​ကမ႓ာလုံးရဲ့ လူဦး​ရေ ၆၇%ဟာ
​ရောဂါပိုးရှိ​နေနိုင်ပြီး အ​တော်​များများဟာ ဘရွတ်​ခ်​က​လေးကို လာကြည်​့သူလိုပဲ ပိုးရှိမှန်​းမသိ ရှိ​နေတတ်​ကြပါတယ်​။

လူကြီးတစ်​​ယောက်​ရဲ့ ကိုယ်​ခံစွမ်​းအားဟာ ​ရောဂါပိုးကို ခံနိုင်​ရည်​ရှိတဲ့အတွက်​ နမ်​းရှု့ံရုံ​လောက်​မျှနဲ့ ​ရောဂါကြီးကြီးမားမား မဖြစ်​တတ်​ကြပါဘူး။ အဆိုးဆုံး ပါးစပ်​​ရေယုံအနာ​ပေါက်​ရုံ​လောက်​သာ ဖြစ်​တတ်​ပါတယ်​။

ဒါ​ပေမယ်​့ ​မွေးခါစက​လေးတစ်​​ယောက်​ရဲ့ ကိုယ်​ခံစွမ်​းအားအရ​တော့ ​သေ​စေနိုင်​တဲ့အထိ ဖြစ်​တတ်​ပါတယ်​။

တစ်​ရက်​မှာ ကလဲရ်​ဟာ က​လေးထမင်​းခွ့ံရင်​း ဘရွတ်​ခ်​ရဲ့ ပါးစပ်​နားတစ်​ဝိုက်​မှာ အနာဖု​လေ​းတွေ ​
ပေါက်​လုဆဲဆဲဖြစ်​​နေတာကို ​တွေ့ရပါတယ်​။ ​ဆေးရုံ​ရောက်​တဲ့အခါ ဆရာဝန်​​တွေက က​လေး​တွေဟာ
​မွေးခါစ၃လအတွင်​းမှာ ဒီ​ရေယုန်​ဗိုင်​းရပ်​စ်​ပိုး(HSV1) ကို ထိ​တွေ့မိပါက ပိုးဟာ
က​လေးခန္ဓာကိုယ်​တစ်​ခုလုံးကို ပျ့ံနှံ့ပြီး ဦး​နှောက်​နဲ့ အသည်​းပျက်​စီး ဆုံးရှုံးသွားနိုင်​တယ်​လို့ ​ဆိုပါတယ်​။

ကံ​ကောင်​း​ထောက်​မတာက​တော့ ဘရွတ်​ခ်​​လေးရဲ့ ​ရောဂါအ​ခြေ​အ​နေဟာ ကုသလို့နိုင်​​သေးတာပဲ ဖြစ်​ပါတယ်​။

ဒါ​ပေမယ်​့ ဒီလို​ရောဂါပိုးဝင်​သူ က​လေးမိဘအ​ချို့က​တော့ ဒီလို ကံမ​ကောင်​းကြပါဘူး။

၂၀၀၈ခုနှစ်​မှာ ချား​လော့နဲ့မိုဟာမက်​ ဇနီး​မောင်​နှံဟာ ၁၁လသမီးက​လေး မိုင်​ရာကို ဆုံးရှုံးခဲ့ကြပါတယ်​။
မိုင်​ရာက​လေးရဲ့ ခန္ဓာကိုယ်​ဟာ HSV1 ဗိုင်​းရပ်​စ်​ကို ပြန်​တိုက်​ဖို့ ခုခံစွမ်​းအား မတိုးတက်​​သေးတဲ့အတွက်​ ဖြစ်​ပါတယ်​။

ထို့အတူပဲ ၂၀၁၃မှာ ၂လအရွယ်​ ကိုင်​ဒန်​ မက်​​ကောမစ်​ခ် ​လေးဟာ သူအ​ဖေရဲ့ နမ်​းရှုံ့မှုက​နေ HSV1 ဗိုင်​းရပ်​စ်​ပိုး ကူးစက်​ရာမှ အသီးအကင်​းဘဝမှာတင်​ ​​စော​ကြွေခဲ့ရပါတယ်​။

က​လေ​း​တွေမှာ HSV1 ဗိုင်​းရပ်​စ်​ပိုးမဖြစ်​​အောင်​ ဘယ်​လို ကာကွယ်​ကြမလဲ။

လူအများစုဟာ က​လေးကို နမ်​းရှုံ့လိုက်​ခြင်​းက ဘယ်​​လောက်​အထိ အန္တရာယ်​ရှိတယ်​ဆိုတာ မသိကြပါဘူး။ ဒါ​ကြောင်​့ အခုသိပြီးတဲ့အခါ ​​နောက်​ပိုင်​းမှာ ​ရောဂါပိုးရဲ့ ​ရောဂါလက္ခဏာ​တွေ မရှိခဲ့ရင်​​တောင်​ က​လေး​လေး​တွေကို အလွယ်​တကူ အမှတ်​တမဲ့ မျက်​နှာကို နမ်​းခြင်​း မလုပ်​သင်​့ပါဘူး။

က​လေး​တွေမှာလည်​း ​အောက်​ပါ​ရောဂါလက္ခဏာ​တွေ ရှိမရှိကို အမြဲတ​စေ မျက်​​ခြေမပျက်​ ကြည်​့သင်​့ပါတယ်​။

ဖျားနာခြင်​း

ဂျီအလွန်​ကျ​နေခြင်​း

ပါးစပ်​ နှုတ်​ခမ်​းတစ်​ဝိုက်​ ပူစပ်​ပူ​လောင်​ဖြစ်​​နေခြင်​း

မျက်​နှာမှာ ​ရေယုန်​အနာများ ​ပေါက်​​နေခြင်း

ဒီလက္ခဏာ​တွေရှိ​နေပါက က​လေးကို နီးစပ်​ရာ​ဆေးရုံကို အမြန်​​ခေါ်သွားသင်​့ပါတယ်​။
အချိန်​မီ​ဆေးရုံ​ရောက်​မှသာလျှင်​ ဆရာဝန်​များက ​ရောဂါကို ​ပျောက်​ကင်​း​အောင်​
ကုသ အသက်​ကယ်​နိုင်​မှာ​ ဖြစ်​ပါတယ်​။​

Dr. Emerald
DrMyanmar