ကားမွန္​မွာစတစ္​ကာကပ္​တဲ့ တကၠစီ ၉၈စီးအ​ေရးယူခံထားရ

No automatic alt text available.

ရန္ကုန္၊ေဖေဖာ္ဝါရီ ၁၃

တားျမစ္ခ်က္ကို မလိုက္နာတဲ့ တကၠစီ ၉၈စီးကုိ ၂၀၁၅ခုႏွစ္​၊​ေမာ္​​ေတာ္​ယာဥ္​ဥပ​ေဒပုဒ္​မ ၆၅နဲ႔ အ​ေရးယူထားတယ္​လုိ႔ ရန္ကုန္တုိင္းယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ ဒုတိယရဲမွဴးဆန္းလင္းက Popular Nesws ကို ေျပာပါတယ္။

“ကားမွန္​​ေတြမွာ စတစ္​ကာမကပ္​ဖုိ႔ ၂၀၁၈ခုႏွစ္​ေဖ​ေဖာ္​ဝါရီ ၁ရက္​​ေန႔ထဲက​ေၾကညာထားၿပီးသားပါ။မလုိက္​နာလုိ႔အ​ေရးယူတာပါ။မ​ေန႔( ေဖေဖာ္၀ါရီ ၁၂ရက္ေန႔)က အထိဆုိ ၉၈စီး႐ွိပါၿပီ “လုိ႔ ရဲမွဴး က႐ွင္​းျပပါတယ္​။

အဌားယာဥ္​​ေတြအေနနဲ႔ ကားမွန္​​ေတြမွာစတစ္​ကာကပ္​ထားတယ္ဆိုရင္ ၂၀၁၅ခုႏွစ္​၊​ေမာ္​​ေတာ္​ယာဥ္​ဥပ​ေဒပုဒ္​မ ၆၅အရ ဒဏ္​​ေငြ သုံး​ေသာင္​းက်ပ္​​ခ်မွတ္ခံရမည့္အျပင္၊ကုန္​းလမ္​းပုိ႔​ေဆာင္​​ေရးၫႊန္​ၾကားမႈဦးစီးဌာနကလည္း လုပ္​ငန္​းလုိင္​စင္​သိမ္​းသည္​အထိ အ​ေရးယူသြားဖို႔ ရွိတယ္လို႔ ဒုရဲမွဴးဆန္​းထြန္​းက​ေျပာပါတယ္​။

အခုအ​ေရးယူခံထားရတဲ့ အဌားယာဥ္​၉၈စီးဟာဆုိရင္​ ရန္​ကုန္​တုိင္​းအစုိးရရဲ႕ ​ေၾကညာ ခ်က္​​ေတြကုိလုိက္​နာျခင္​းမ႐ွိတာ​ေၾကာင္​့့အ​ေရးယူခံထားတဲ့အ​ေရအတြက္​ျဖစ္​ပါတယ္​။

ရန္ကုန္တုိင္းအတြင္း ေျပးဆြဲေနတဲ့ တကၠစီကားမွန္ေတြမွာ စေတကာကပ္ျခင္း၊ေလစုပ္ခြက္ကပ္ျခင္း၊ေၾကာ္ျငာမ်ားတပ္ဆင္ျခင္းနဲ႕လုိက္ကာမ်ားကာရံထားျခင္းတုိ႔ကုိ မလုပ္ၾကရန္နဲ႔ လုပ္ေဆာင္ထားၾကတယ္ဆိုရင္ ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ဆုံးထားဖယ္႐ွားၾကဖို႔ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီက ေၾကညာခ်က္ထုတ္ျပန္ထားျပီးျဖစ္ပါတယ္။

မလုိက္နာပါက လုပ္ငန္းလုိင္စင္ဖ်က္သိမ္းတဲ့အထိ ထိေရာက္စြာလုပ္ေဆာင္သြားမွာျဖစ္ၿပီး လုိက္လံစစ္ေဆးကာ အေရးယူသြားမယ္လို႔လည္း ႀကီးၾကပ္မႈေကာ္မတီက ေျပာဆိုထားျပီးျဖစ္ပါတယ္။

“လုိင္စင္ပိတ္သိမ္းတာက ကညန႐ုံးကေဆာင္ရြက္တာပါ။ ကြ်န္ေတာ္တုိ႔က အထက္ကၫႊန္ၾကားခ်က္အတုိင္း စတစ္ကာကပ္တဲ့ တကၠစီေတြကုိ ဖမ္းဆီးေနတာပါ။​ေနာက္​လဲထပ္​ဖမ္​းဆီးအ​ေရးယူသြားဦးမွာပါ “လုိ႔ ရန္ကုန္တုိင္းယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံးကေျပာပါတယ္​။

အဌားယာဥ္တကၠစီကားမွန္ေတြမွာ စတစ္ကာကပ္အကာအကြယ္ယူၿပီး ဒုစ႐ုိက္မႈက်ဴးလြန္တာေတြ ျပဳလုပ္ေနတာေၾကာင့္ မႈခင္းက်ဆင္းေရးနဲ႕ျပည္သူလူထုလုံျခဳံေရးအတြက္ တိုင္းအစိုးရက ယခုလုိဖမ္းဆီးအ​ေရးယူမႈေတြ လုပ္ေဆာင္​ေနတာျဖစ္ပါတယ္။

အဆုိပါ ဖမ္းဆီးမႈနဲ႕ပတ္သက္ၿပီး အဌားယာဥ္ တကၠစီေမာင္းႏွင္သူတစ္ဦးက”ကြၽန္​​ေတာ္​့က​ေတာ့ ကားမွန္​မွာတပ္​ထားတဲ့ စတစ္​ကာ​ေတြခြာၿပီးၿပီ။စတစ္​ကာကပ္​ထားတဲ့​ေငြ​​ေလးကုိ ႏွ​ေျမာ​ေပမယ္​့ အဖမ္​းခံရရင္​ သုံး​ေသာင္​​း​ေပးရမွာမုိ႔သာခြာလုိက္​ရတာ။တကၠစီ​သမားက ကား​ေပၚမွာ တခ်ိန္​လုံးထုိင္​​ေနရတာ​ေလ။အခု​ေတာ့ ​ေနပူလဲဘာနဲ႔ကာရမလဲမသိ​ေတာ့ဘူး။ဘာ​ေတြမွန္​းမသိ​ေတာ့ပါဘူးဗ်ာ “လုိ႔ ေျပာပါတယ္။

သီဟ

Unicode

ကားမှန်​မှာစတစ်​ကာကပ်​တဲ့ တက္ကစီ ၉၈စီးအ​ရေးယူခံထားရ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၃

တားမြစ်ချက်ကို မလိုက်နာတဲ့ တက္ကစီ ၉၈စီးကို ၂၀၁၅ခုနှစ်​၊​မော်​​တော်​ယာဉ်​ဥပ​ဒေပုဒ်​မ ၆၅နဲ့ အ​ရေးယူထားတယ်​လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးဆန်းလင်းက Popular Nesws ကို ပြောပါတယ်။

“ကားမှန်​​တွေမှာ စတစ်​ကာမကပ်​ဖို့ ၂၀၁၈ခုနှစ်​ဖေ​ဖော်​ဝါရီ ၁ရက်​​နေ့ထဲက​ကြေညာထားပြီးသားပါ။မလိုက်​နာလို့အ​ရေးယူတာပါ။မ​နေ့( ဖေဖော်ဝါရီ ၁၂ရက်နေ့)က အထိဆို ၉၈စီးရှိပါပြီ “လို့ ရဲမှူး ကရှင်​းပြပါတယ်​။

အဌားယာဉ်​​တွေအနေနဲ့ ကားမှန်​​တွေမှာစတစ်​ကာကပ်​ထားတယ်ဆိုရင် ၂၀၁၅ခုနှစ်​၊​မော်​​တော်​ယာဉ်​ဥပ​ဒေပုဒ်​မ ၆၅အရ ဒဏ်​​ငွေ သုံး​သောင်​းကျပ်​​ချမှတ်ခံရမည့်အပြင်၊ကုန်​းလမ်​းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနကလည်း လုပ်​ငန်​းလိုင်​စင်​သိမ်​းသည်​အထိ အ​ရေးယူသွားဖို့ ရှိတယ်လို့ ဒုရဲမှူးဆန်​းထွန်​းက​ပြောပါတယ်​။

အခုအ​ရေးယူခံထားရတဲ့ အဌားယာဉ်​၉၈စီးဟာဆိုရင်​ ရန်​ကုန်​တိုင်​းအစိုးရရဲ့ ​ကြေညာ ချက်​​တွေကိုလိုက်​နာခြင်​းမရှိတာ​ကြောင်​့့အ​ရေးယူခံထားတဲ့အ​ရေအတွက်​ဖြစ်​ပါတယ်​။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ တက္ကစီကားမှန်တွေမှာ စတေကာကပ်ခြင်း၊လေစုပ်ခွက်ကပ်ခြင်း၊ကြော်ငြာများတပ်ဆင်ခြင်းနဲ့လိုက်ကာများကာရံထားခြင်းတို့ကို မလုပ်ကြရန်နဲ့ လုပ်ဆောင်ထားကြတယ်ဆိုရင် ဖေဖော်ဝါရီ ၁ရက်နေ့နောက်ဆုံးထားဖယ်ရှားကြဖို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မလိုက်နာပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်းတဲ့အထိ ထိရောက်စွာလုပ်ဆောင်သွားမှာဖြစ်ပြီး လိုက်လံစစ်ဆေးကာ အရေးယူသွားမယ်လို့လည်း ကြီးကြပ်မှုကော်မတီက ပြောဆိုထားပြီးဖြစ်ပါတယ်။

“လိုင်စင်ပိတ်သိမ်းတာက ကညနရုံးကဆောင်ရွက်တာပါ။ ကျွန်တော်တို့က အထက်ကညွှန်ကြားချက်အတိုင်း စတစ်ကာကပ်တဲ့ တက္ကစီတွေကို ဖမ်းဆီးနေတာပါ။​နောက်​လဲထပ်​ဖမ်​းဆီးအ​ရေးယူသွားဦးမှာပါ “လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးကပြောပါတယ်​။

အဌားယာဉ်တက္ကစီကားမှန်တွေမှာ စတစ်ကာကပ်အကာအကွယ်ယူပြီး ဒုစရိုက်မှုကျူးလွန်တာတွေ ပြုလုပ်နေတာကြောင့် မှုခင်းကျဆင်းရေးနဲ့ပြည်သူလူထုလုံခြုံရေးအတွက် တိုင်းအစိုးရက ယခုလိုဖမ်းဆီးအ​ရေးယူမှုတွေ လုပ်ဆောင်​နေတာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အဌားယာဉ် တက္ကစီမောင်းနှင်သူတစ်ဦးက”ကျွန်​​တော်​့က​တော့ ကားမှန်​မှာတပ်​ထားတဲ့ စတစ်​ကာ​တွေခွာပြီးပြီ။စတစ်​ကာကပ်​ထားတဲ့​ငွေ​​လေးကို နှ​မြော​ပေမယ်​့ အဖမ်​းခံရရင်​ သုံး​သောင်​​း​ပေးရမှာမို့သာခွာလိုက်​ရတာ။တက္ကစီ​သမားက ကား​ပေါ်မှာ တချိန်​လုံးထိုင်​​နေရတာ​လေ။အခု​တော့ ​နေပူလဲဘာနဲ့ကာရမလဲမသိ​တော့ဘူး။ဘာ​တွေမှန်​းမသိ​တော့ပါဘူးဗျာ “လို့ ပြောပါတယ်။

သီဟ