လူအမ်ားစုတို႔သည္ နတ္ကိုးကြယ္ၾကသည္၊ ယံုၾကည္ၾကသည္၊ အားထားၾကသည္၊ နတ္နွင့္ပတ္သက္၍ကား သိသူ ေလ့လာသူ အေတာ္နည္းပါးလွပါသည္။ ေျပာသံၾကားနွင့္ အရမ္းယံု၊ အရမ္းကိုးကြယ္သူသာမ်ားပါသည္။ စံုစမ္းေမးျမန္းသူကား နည္းပါးပါသည္။
စံုစမ္းေမးျမန္းသူမ်ားရွိ၍ ေမးျမန္းသျဖင့္ ေျပာျပေသာအခါမွ “ေၾသာ္…ဒီလိုလည္းရွိပါေသးလား” ဟု အခ်ဳိ႕က လက္ခံ၍ အခ်ဳိ႕ကမူ ျငင္းဆန္ပါသည္။ မိမိနွင့္ေတြလ်ွင္မူ အေၾကာင္းသိသူမ်ားက ေမးျမန္းတတ္ၾကပါသည္။ မိမိကလည္း အေမးရွင္ကို လိုခ်င္ပါသည္။ သူတို႔ေမး၍ ေျဖရမွ စာေရးျပနိုင္၍ မသိသူမ်ား မေမးတတ္သူမ်ား၊ သိခ်င္သူမ်ား ရွင္းသြားပါသည္။
တစ္ေန႔ ေမးတတ္သူတစ္ေယာက္ ေရာက္လာကာ ဦးခ်ၿပီး ေမးေလ်ွာက္သည္။ သူက အလြယ္ပင္ေမး၍ မိမိကလည္း အလြယ္ပင္ ေျဖသည္။ ယင္းသို႔ အလြယ္ေမး၍ အလြယ္ေျဖရာမွ အေမးအေျဖေတြ ရွည္လ်ားသြားပါသည္။

“အရွင္ဘုရား၊ ကိုယ္ေစာင့္နတ္ရွိပါသလား ဘုရား”

“ေအး…ရွိတာေပါ့”

“အရွင္ဘုရား၊ ကိုယ္ေစာင့္နတ္ ျမင္ဖူးပါသလားဘုရား”

“ငါေတာ့ ငါ့ကိုယ္ေစာင့္နတ္ကို တစ္ခါမွမျမင္ဖူးဘူး”

“ဒါျဖင့္ အရွင္ဘုရားက ဘယ္လိုအေထာက္အထားနဲ႔ ကိုယ္ေစာင့္နတ္ ရွိတယ္လို႔ ေျပာနိုင္ပါသလဲဘုရား”

“က်မ္းဂန္ အေထာက္အထားနဲ႔ၾကည့္ၿပီး ကိုယ္ေစာင့္နတ္ ရွိတယ္လို႔ ေျပာတာပါ”
“က်မ္းဂန္အေထာက္အထားရွိရင္ အေထာက္အထားနွင့္တကြ ကိုယ္ေစာင့္နတ္အေၾကာင္း ရွင္းျပပါလားဘုရား”

“ေအး…ေအး ရွင္းျပမယ္္၊ ေသေသခ်ာခ်ာ မွတ္မွတ္သားသား နားေထာင္ပါ၊ က်မ္းဂန္ကေတာ့ ပါရာဇိကဏ္ အ႒ကထာကို ဦးစြာျပမယ္”

ပါရာဇိကဏ္ အ႒ကထာ ရွင္သုဒိႏၵအေၾကာင္းအရာကို ဖြင့္ျပတဲ့ ေနရာမွာ-
“မေကာင္းမႈကို ျပဳေသာသူအား ခပ္သိမ္းေသာ သူတို႔၏ ေရွးဦးစြာ မိမိသိအပ္၏၊ ထို႔ေနာက္ မိမိကိုယ္ေစာင့္နတ္သိ၏၊ ထို႔ေနာက္ သူတစ္ပါးစိတ္ကို သိတတ္ေသာ နတ္တို႔သည္ သိကုန္၏”
“လို႔ ေျပာထားတာ ရွိပါတယ္။ အဲဒီအေထာက္အထား အေၾကာင္းေၾကာင့္ ကိုယ္ေစာင့္နတ္ရွိတယ္လို႔ ေျပာနိုင္တာပါ”
“အဲဒီ အေထာက္အထားအျပင္ အျခားအေထာက္အထားေကာ ရွိပါေသးသလားဘုရား”
“ရွိေသးတယ္”
“ရွိေသးရင္ ဆက္ၿပီးေတာ့ ရွင္းျပပါဦးဘုရား၊ တပည့္ေတာ္နွင့္တကြ အမ်ားတကာတို႔ သံသယရွင္းရန္အတြက္ပါဘုရား၊ တပည့္ေတာ္တစ္ေယာက္တည္းအတြက္ မဟုတ္ပါဘုရား”
“ေအး…ေအး၊ ေမးမွေတာ့ျဖင့္ တစ္ေယာက္တည္းအတြက္လည္း ေျဖရမွာပဲ၊ အမ်ားအတြက္လည္း ေျဖရမွာပဲ၊ မွတ္ထားပါ သုတ္မဟာဝါ အ႒ကထာ မဟာပဒါန သုတ္အဖြင့္မွာ ဒီလိုျပထားပါတယ္”

“အၾကင္အခါ မင္းတို႔သည္ တရားမေစာင့္ကုန္၊ ထိုအခါ အိမ္ေရွ႕မင္း၊ အမတ္စစ္သူႀကီး၊ သူေ႒း သူႂကြယ္အလံုးစံုေသာ ၿမိဳ႕သူၿမိဳ႕သား အလံုးစံုေသာသူတို႔သည္ တရားမေစာင့္ကုန္။
ထိုအခါ ထိုသူတို႔ကို ေစာင့္ကုန္ေသာ ကိုယ္ေစာင့္နတ္တို႔သည္ တရားမေစာင့္ကုန္၊ ထိုနတ္တို႔၏ အေဆြခင္ပြန္းျဖစ္ေသာ ေျမ၌တည္ေသာနတ္၊ ေကာင္းကင္၌ တည္ေသာနတ္၊ ဥဏွဝလာဟကနတ္၊ အဗၻဝလာဟကမည္ေသာနတ္၊ သီတဝလာဟကမည္ေသာနတ္၊ ဝႆဝလာဟကမည္ေသာနတ္၊ စတုမဟာရာဇ္မွစ၍ နတ္ျပည္ေျခာက္ထပ္ အထက္ဘဝဂ္တုိင္ေအာင္ အရိယာပုဂၢိဳလ္တို႔ကိုထား၍ ခပ္သိမ္းေသာ နတ္ျဗဟၼာမရိသတ္တို႔သည္ တရားမေစာင့္သည္သာလ်ွင္ ျဖစ္ကုန္၏” လို႔ ျပထားပါတယ္။ အဲဒီ အေထာက္အထားနဲ႔ ကိုယ္ေစာင့္နတ္ရွိေၾကာင္း ေျပာနိုင္ပါတယ္။ အဲဒီအေထာက္အထားမ်ားကို မွီးၿပီးေတာ့ ဇာတ္ေပါင္းခန္းပ်ဳိ႕တြင္ –
“ေကာင္းကင္႐ုကၡ၊ ဘုမၼမလြတ္၊ ကိုယ္ေစာင့္နတ္တို႔၊ ႐ိုၫြတ္သဒၶါ၊ တရားနာ၍၊ ဒိဗၺာရမၼဏ၊ ျမင္ကစင္ျဖဴ၊ ႏွလံုးဟူသား၊ မုန္ဆူမြန္ေျခာင္း၊ ဆင္မေကာင္းကို၊ ခြ်န္းေတာင္းဉာဏ္ဟုန္၊ ထိမ္းလင့္ကုန္”
လို႔ ေရးသားခဲ့တဲ့ အေထာက္အထားကို အမွီျပဳၿပးေတာ့ကာ ကိုယ္ေစာင့္နတ္ ရွိေၾကာင္းကို ေျပာနိုင္ပါတယ္။ ၿပီးေတာ့ ပါရမီေတာ္ခန္းပ်ဳိ႕တြင္လည္း –

“လူတို႔စီးပြား၊ က်င့္တတ္အားသည္၊ သိၾကားမာတလိ၊ မဏိေမခလာ၊ မဟာရာဇ္က၊ စသည္တ႐ိုး၊ အိမ္စိုးကိုယ္ေစာင့္၊ ေမွာင့္လည္း ဖ်က္တတ္၊ ဘုတ္ေခတ္သံဘက္”
လို႔ စပ္ဆိုေတာ္မူခ်က္တို႔ အေထာက္အထားျပဳၿပီးေတာ့ ကိုယ္ေစာင့္နတ္ရွိေၾကာင္း ေျပာနိုင္ပါတယ္။ အဲဒီေလာက္ဆိုရင္ ကိုယ္ေစာင့္နတ္ရွိေၾကာင္း ေက်နပ္ၿပီလား။

“တင္ပါ ေက်နပ္ပါတယ္ဘုရား၊ ဒါေပမယ့္ အခြင့္အေရးေပးမယ္ဆိုရင္ အနည္းငယ္ ေမးပါရေစဦးဘုရား”

“အင္း … အနည္းငယ္ဆိုတာ ဘယ္ေလာက္လဲ၊ စာမ်က္နွာ တစ္ေထာင္ေလာက္ေျဖရမယ့္ ေမးခြန္းမ်ဳိးလား”

“ဒီေလာက္ေတာ့ ရွည္မယ္မထင္ပါဘုရား”

“ကဲ … ဒါျဖင့္ ေမးစမ္းပါဦး၊ သိရင္ေျဖရတာေပါ့၊ မသိရင္ေတာ့ မေျဖနိုင္ဘူးေနာ္”

“မွန္ပါ့ဘုရား”

“တပည့္ေတာ္ေမးမွာကို အရွင္ဘုရားသိနိုင္ပါတယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ယခုေမးၿပီးခဲ့တဲ့ ကိုယ္ေစာင့္နတ္နဲ႔ ပတ္သကိတဲ့အေမးပဲ ျဖစ္ေနလို႔ပါဘုရား”
“ဟ … ကိုယ္ေစာင့္နတ္ အေၾကာင္းက ေမးၿပီးမွပဲ၊ ဘာကိုမ်ားထပ္ၿပီးေတာ့ ေမးေနဦးမလဲ”
“ဒီလိုပါဘုရား၊ လူရယ္ အဲဒီလူကိုေစာင့္တဲ့ ကိုယ္ေစာင့္နတ္ရယ္ ႏွစ္ဦးသားမွာ အသက္တမ္းခ်င္းလည္း မတူပါ၊ သတၱဝါ အမ်ဳိးအစားလည္း မတူပါဘုရား”
“ေအး… ဟုတ္တယ္၊ မတူဘူး”

“အဲဒီလိုမတူေတာ့ လူေသလ်ွင္ အဲဒီလူမွာေစာင့္တဲ့ ကိုယ္ေစာင့္နတ္လည္း ေသမလား၊ သို႔မဟုတ္ ကိုယ္ေစာင့္နတ္ေသလ်ွင္ အဲဒီနတ္ ေစာင့္တဲ့လူလည္း ေသမလားဆိုတာ သိခ်င္ပါတယ္ဘုရား”

“အင္း … သိခ်င္တာက အေရးမႀကီးဘူး၊ အေျဖကေတာ့ ခက္ခက္ပဲ”

“မခက္ပါနဲ႔ဘုရား၊ ႀကိဳးစားၿပီး တပည့္ေတာ္ သေဘာေပါက္ေအာင္ ေျဖၾကားေပးပါဘုရား”

“အင္းေပါ့… ခုမွေတာ့ ေျဖရေတာ့မွာေပါ့”

“မွန္ပါ … ေျဖၾကားပါဘုရား”

“ေအး … သတၱဝါေတြေသတာကို သတိထားၾကည့္ရင္ သိနိုင္ပါတယ္၊ တစ္အိမ္ေထာင္စုထဲမွာၾကည့္၊ အႀကီးရယ္၊ အငယ္ရယ္ မဟုတ္ဘူးေနာ္၊ ေရွ႕ေနာက္ေသတာလည္း မရွိဘူးလား”

“ရွိပါတယ္ဘုရား”

“အႀကီးအငယ္ တစ္ၿပိဳင္နက္ေသတာလည္း မရွိဘူးလား”

“ရွိပါတယ္ဘုရား”

“ေအး… အဲဒါေၾကာင့္ ကိုယ္ေစာင့္နတ္နဲ႔ လူနဲ႔ ၿပိဳင္တူေသ၊ ေရွ႕ေနာက္ေသဆိုတာ အၿမဲမဆိုသာတဲ့အရာ ျဖစ္ပါတယ္”

“မွန္ပါဘုရား၊ ဒါျဖစ္နိုင္ပါတယ္၊ တိက်ေသာ သက္ေသမ်ား ျပနိုင္ပါသလား”

“ျပနိုင္ပါတယ္၊ ဘုရားအေလာင္းေတာ္ ေတမိမင္းသား နတ္ျပည္က စုေတခန္းကို သတိျပဳၾကည့္ပါ၊ ေတမိမင္းသားေလာင္းႏွင့္အတူ စုေတအပ္ေသာသေဘာရွိတဲ့ နတ္သားေပါင္း ငါးရာတို႔ လူ႔ျပည္ကို တစ္ၿပိဳင္နက္ပင္ စုေတလာေၾကာင္း ေဖာ္ျပတယ္ မဟုတ္လား”

“ဟုတ္ပါတယ္ဘုရား”

“ၿပီးေတာ့ ေဝႆႏၲရာမင္းႀကီး နတ္ျပည္က စုေတလာတဲ့အခါ နတ္သားေျခာက္ေသာင္းအတူ စုေတလာေၾကာင္း ေဖာ္ျပတယ္မဟုတ္လား”

“ဟုတ္ပါတယ္ဘုရား”

“ေအး… သူတို႔ လူ႔ျပည္က စုေတၾကေတာ့ တစ္ျပိဳင္နက္ ဟုတ္ရဲ႕လား”
“မဟုတ္ပါဘုရား”
“ၿပီးေတာ့ ဘုရားရွင္ႏွင့္္ ဖြားဖက္ေတာ္ (၇) ဦးတို႔သည္ တစ္ၿပိဳင္နက္ ဖြားၾကတယ္မဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“ကဲ… စုေတေတာ့ အတူတူလား”
“မဟုတ္ပါဘုရား”
“ေဟာ… ပဒုမေဒဝီမိဖုရား၊ သားေတာ္ ပေစၥကဗုဒၶ ငါးရာတို႔သည္ ဖြားေသာကာလ တစ္ေန႔တည္း တစ္ၿပိဳင္နက္တည္းပဲ ဖြားတယ္မဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“ပေစၥကဗုဒၶါ ျဖစ္ၾကေတာ့လည္း တစ္ေန႔တည္း တစ္ၿပိဳင္နက္တည္းမွာပဲ ျဖစ္ၾကတယ္မဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“ပရိနိဗၺာန္ဝင္စံေသာကာလမွာလည္း တစ္ေန႔တည္း တစ္ၿပိဳင္နက္တည္းမွာပဲ ပရိနိဗၺာန္ဝင္စံတယ္ မဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”

“ကဲ… အဲဒါေတြ ေထာက္႐ႈၾကည့္ေတာ့ တကြဲစီဖြားတယ္၊ အတူေသတာလည္း မရွိဘူးလား”
“ရွိပါတယ္ဘုရား”
“အတူဖြားတယ္၊ တကြဲစီေသတာလည္း မရွိဘူးလား”
“ရွိပါတယ္ဘုရား”
“အတူဖြားတယ္၊ အတူေသတာလည္း မရွိဘူးလား”
“ရွိပါတယ္ဘုရား”
“ေအး… အဲဒီအတိုင္းေပါ့၊ ကဲ… သစ္ပင္ေတြမွာ ေစာင့္တဲ့ ႐ုကၡစုိးနတ္ရွိယ္ဆိုတာ လက္ခံလား”
“လက္ခံပါတယ္ဘုရား”
“သစ္ပင္ကို ခုတ္လဲလိုက္တဲ့အခါ အဲဒီနတ္က မေသဘဲ အျခားသစ္တစ္ပင္ကို ေျပာင္းသြားတယ္မဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“အဲဒီအတူေပါ့ မိမိတို႔ေစာင့္တဲ့လူ ေသသြားလ်ွင္ အျခားသူတစ္ေယာက္ေျပာင္းမွာေပါ့ ဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“နတ္ေသလို႔လည္းပဲ သစ္ပင္မေသသလို ကိုယ္ေစာင့္နတ္ ေသလို႔လည္းပဲ လူမေသပါဘူး ဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”
“သာဓက ျပရရင္ေတာ့ ဟိမႏၲာမွာ သီရိသက ဆိုတဲ့ ကုကၠိဳေတာရွိတယ္၊ အဲဒီေတာမွာ အရွင္ဂဝမၸတိေထရ္ အေလာင္းဟာ နတ္ျဖစ္တယ္၊ အဲဒီနတ္ စုေတေတာ့ ေနာက္နတ္သားအသစ္ ျဖစ္ပါတယ္၊ နတ္ေသ၍ ကုကၠိဳပင္ မေသဘူးမဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”

“စတုကနိပါတ္ စူဠကလိဂၤဇာတ္ အ႒ကထာမွာ ကလိဂၤမင္းႏွင့္ အသကမင္းတို႔ စစ္တိုက္ၾကတယ္။ အဲဒီတိုက္ပြဲမွာ ကလိဂၤမင္းရဲ႕ ကိုယ္ေစာင့္နတ္က ကိုယ္လံုးျဖဴတဲ့ ႏြားလား ဥသဘ အေယာင္ေဆာင္ၿပီး ေဝွ႔တိုက္တယ္။ အသကမင္းရဲ႕ ကိုယ္ေစာင့္နတ္က ကိုယ္လံုးမည္းေသာ ႏြားလား ဥသဘ အေယာင္ေဆာင္ၿပီး တိုက္တယ္၊ အဲဒီလို ေဝွ႔တိုက္တာကို အျခားသူေတြ မျမင္ၾကဘူး၊ မင္းႏွစ္ပါးပဲ ျမင္တယ္”
“အဲဒီလိုတိုက္တဲ့အခါ နႏိၵေသနအမတ္က ဥပေဒသေပး၍ အသကမင္းရဲ႕ သူရဲတစ္ေထာင္ႏွင့္တကြ ကလိဂၤမင္းရဲ႕ ကိုယ္ေစာင့္နတ္ျဖစ္တဲ့ ႏြားလားဥသဘကို အခ်က္က်ေအာင္ထိုးတဲ့အခါ ကလိဂၤမင္းရဲ႕ ကိုယ္ေစာင့္နတ္ေသတယ္၊ အဲဒီကိုယ္ေစာင့္နတ္လည္းေသေရာ ကလိဂၤမင္းလည္း ထိတ္လန္႔ၿပီး စစ္ပ်က္တယ္၊ စစ္႐ံႈးတယ္”
“အဲဒီဇာတ္ေတာ္ေထာက္ရႈ ၾကည့္ေတာ့ ကိုယ္ေစာင့္နတ္ေသတယ္၊ ကလိဂၤမင္း မေသဘူးမဟုတ္လား”
“ဟုတ္ပါတယ္ဘုရား”

“ပါစိတ္ အ႒ကထာ ဘူတဂါမ သိကၡာပုဒ္ အဖြင့္၌ ေဇတဝန္ေက်ာင္း အရန္တြင္သစ္တစ္ပင္၌ နတ္သားတစ္ေယာက္ေသ၍ သစ္ပင္မေသပါ၊ က်န္ေနသည္ကို ဘုရားရွင္သိ၍ သစ္ပင္ခုတ္လွဲခံရ၍ သစ္ပင္မရွိေသာ နတ္သမီးအား ဘုရားရွင္ကေပးတယ္၊ အဲဒီအတူပဲ ကိုယ္ေစာင့္နတ္တစ္ေယာက္ ေသေသာ္လည္း နတ္တစ္ေယာက္ခြဲမွီ၍ ေနေကာင္းတယ္လို႔ မွတ္ေနာ္”
“မွန္ပါဘုရား”
“အသီတိနိပါတ္ ကုဏာလဇာတ္ကို သတိျပဳၿပီး ၾကည့္႐ႈပါ၊ ေကာသလမင္းႀကီး ေသတဲ့အခါ မိဖုရားကို ဗာရာဏသီျပည္ယူ၍ မိဖုရားေျမွာက္တယ္၊ အဲဒီမိဖုရားမွာ ေကာသလမင္းႀကီးကို အစြဲျပဳၿပီး ပဋိသေႏၶရွိေနတယ္၊ ေကာသလမင္းႀကီး ေသတဲ့အခါ အဲဒီကိုယ္ဝန္သား ကိုယ္မွာ ကိုယ္ေစာင့္နတ္ ျဖစ္ေနတယ္”
“အဲဒီသားငယ္ (၁၆)ႏွစ္ရွိတဲ့အခါ ကုရုဂီေဒဝီ မည္ေသာ မင္းသမီးႏွင့္ ယဥ္ပါးသည္ကိုသိ၍ သတ္မည္ျပဳတဲ့အခါ အဖျဖစ္တဲ့ ကိုယ္ေစာင့္နတ္က မင္းသားငယ္၌ ေစာင့္ေရွာက္မစ၍ ခ်မ္းသာရာ ရေစတယ္”

အဲဒီမွာၾကည့္ပါ၊ မင္းသားငယ္ရဲ႕ ျဖစ္စဖြားစႏွင့္ အဖနတ္ျဖစ္ေသာ ကာလ ေရွ႕ေနာက္မညီတာကို ေထာက္႐ႈလ်ွင္ စုေတေသာကာလလည္း ေရွ႕ေနာက္ မျဖစ္နိုင္ဘူးလား”
“ျဖစ္နိုင္ပါတယ္ဘုရား”
“အဲဒါဟာ က်မ္းဂန္အေထာက္အထား အတိအက် အရေျပာခဲ့တဲ့ ကိုယ္ေစာင့္နတ္အေၾကာင္းပါ”
“အရွင္ဘုရား ဥစၥာကလည္း ေငါ့ေတာ့ေတာ့နဲ႔”
“ဘာေငါ့ေတာ့ေတာ့လဲ”
“က်မ္းဂန္အေထာက္အထား အတိအက်ဆိုေတာ့ မတိက်တဲ့ ကိုယ္ေစာင့္နတ္ရွိေသးလားဘုရား”
“ရွိေသးတယ္”
“ရွင္းျပဦးပါဘုရား”
“လူတစ္ကိုယ္မွာ ကိုယ္ေစာင့္နတ္ (၃)ေယာက္ရွိတယ္တဲ့၊ ဦးေခါင္းကိုေစာင့္တဲ့နတ္၊ ကိုယ္လံုးကိုေစာင့္တဲ့နတ္၊ ေျခကိုေစာင္တဲ့နတ္ရယ္လို႔ (၃)ေယာက္ရွိတယ္တဲ့၊ မခိုင္လံုလို႔ ၾကားဖူးရံုမ်ွမို႔ တည့္တည့္သံုးတာေနာ္”
“မွန္ပါဘုရား”

“ဦးေခါင္းကိုေစာင့္တဲ့နတ္က နံနက္အခါ ၾကည့္႐ႈ မစတယ္တဲ့၊ နံနက္အခါ ဦးေခါင္းကို သန္႔ရွင္းစင္ၾကယ္စြာ ျပဳေလ့ရွိသူကို ႏွစ္သက္တယ္တဲ့”
“ကိုယ္လံုးကို ေစာင့္တဲ့နတ္က ေန႔အခါကိုယ္ကို သန္႔ရွင္း စင္ၾကယ္စြာ ျပဳေလ့ရွိသူကို ႏွစ္သက္တယ္၊ ေစာင့္ေရွာက္တယ္တဲ့”
“ေျခကို ေစာင့္တဲ့နတ္က ည့ဥ္အခါ ေျခကို သန္႔ရွင္းစင္ၾကယ္စြာ ေဆးေၾကာ၍ အိပ္ရာကိုဝင္ေလ့ရွိတဲ့သူကို ႏွစ္သက္တယ္ ေစာင့္ေရွာက္တယ္တဲ့”

“နတ္ကေစာင့္လား၊ မေစာင့္ဘူးလားေတာ့ မသိဘူး၊ အိပ္ရာဝင္ခါနီး ေျခေဆးအိပ္တာေတာ့ က်န္းမာေရး ေကာင္းတာအမွန္ပဲလို႔မွတ္ၿပီး ေျခေဆးအိပ္ေနာ္”
“မွန္ပါဘုရား”
“ဦးေခါင္းကိုေစာင့္တဲ့နတ္က ႀကိဳးတန္း၊ ႀကိမ္တန္း၊ ေလွကားတံတား၊ အိမ္ေအာက္၊ ပုဆိုး၊ အဝတ္ေအာက္လ်ဳိဝင္ျခင္းကို အလိုမရွိဘူးတဲ့”
“အဲဒီအစြဲရွိလို႔ တခ်ဳိ႕ ႀကိဳးတန္းေအာက္၊ တံတားေအာက္ စသည္တို႔ မဝင္တဲ့ ရွင္ရဟန္းေတြ ေတြ႕ဖူးတယ္ မဟုတ္လား”
“ေတြ႕ဖူးပါတယ္ဘုရား”

“ဘုန္းႀကီးတို႔ေတာ့ အဲဒီ နတ္အယူအဆေတာ့ မရွိပါဘူး၊ ဒါေပမယ့္ အဲဒီႀကိဳးတန္း၊ တံတားေအာက္ စသည္ဝင္တဲ့အခါ ေခါင္းထဲက ယားက်ိက်ိလိုပဲ စိတ္မသန္႔တာေပါ့ေနာ္”
“မွန္ပါဘုရား”
“ကိုယ္ကိုေစာင့္တဲ့ နတ္က မိမိဝတ္ၿပီးေသာ အဝတ္ကို ေအာက္အထက္ျပန္၍ ဝတ္ျခင္းကို အလိုမရွိဘူးတဲ့”
“ဘုန္းႀကီးေတာ့ သကၤန္းကို အၿမဲတမ္း အထက္ေအာက္ ျပန္လွန္ၿပီူ ဝတ္တယ္၊ ၾကာၾကာအဝတ္ခံေအာင္ ဆိုတဲ့ သေဘာနဲ႔ေပါ့၊ နတ္ႀကိဳက္တာ မႀကိဳက္တာထက္ အဝတ္သကၤန္းကို ေစာင့္ေရွာက္တဲ့သေဘာေပါ့ေနာ္”
“မွန္ပါဘုရား”

“ကဲ… ကဲ ေတာ္ေလာက္ေရာေပါ့၊ ၾကားဖူးတာေတြ ေလ်ွာက္ေျပာေနရင္ အမ်ားႀကီးရွိပါေသးတယ္ မေျပာေတာ့ပါဘူး၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ေတာ္ေတာ္ၾကာ တကယ့္အစစ္အမွန္ေတြ မွတ္မထားဘဲ အဲဒီၾကားဖူးလို႔ေျပာတဲ့ မဟုတ္တာေတြကို မွတ္ထားမွ ခက္ေနမယ္၊ ဘုန္ႀကီးတရားခံျဖစ္ေနမယ္၊ ဒါေၾကာင့္ ေတာ္ၾကဦးစို႔”
“မွန္ပါဘုရား”

ကိုယ္ေစာင့္နတ္က ရွိသည္သာ မွတ္ပါက်မ္းဂန္လာ၊

နတ္ရွိေသာ္လည္း ကိုယ့္ကိုယ္ပဲ အၿမဲအားကိုးပါ၊

ကိုယ္ကေကာင္းမွ ေစာင့္နတ္က ေကာင္းၾက ေသေသခ်ာ၊

ကိုယ္ေကာင္းဖို႔ရာ ေန႔ည့ဥ္ပါ လုပ္ပါေကာင္းရာရာ၊

ေကာင္းေအာင္ျပဳမွ ေကာင္းက်ဳိးရ နတ္က မ,ေတာ့တာ၊

မေကာင္းျပဳက ဆိုးက်ဳိးရ နတ္ကဖမ္းေတာ့တာ၊

နတ္ကမ,တာ ဖမ္းဆီးတာ ကိုယ့္မွာတည္ေနတာ။

ေက်းဇူးေတာ္ရွင္ ေတာင္စြန္း ဓမၼဒူတဆရာေတာ္ဘုရားႀကီး

ဗုဒၶဓမၼျပႆနာမ်ား -(၉)
cd:dhamma yaechansin

Unicode

လူသေလျှင် လူမှာစောင့်တဲ့ ကိုယ်စောင့်နတ် သေပါသလားဘုရား

လူအများစုတို့သည် နတ်ကိုးကွယ်ကြသည်၊ ယုံကြည်ကြသည်၊ အားထားကြသည်၊ နတ်နှင့်ပတ်သက်၍ကား သိသူ လေ့လာသူ အတော်နည်းပါးလှပါသည်။ ပြောသံကြားနှင့် အရမ်းယုံ၊ အရမ်းကိုးကွယ်သူသာများပါသည်။ စုံစမ်းမေးမြန်းသူကား နည်းပါးပါသည်။
စုံစမ်းမေးမြန်းသူများရှိ၍ မေးမြန်းသဖြင့် ပြောပြသောအခါမှ “သြော်…ဒီလိုလည်းရှိပါသေးလား” ဟု အချို့က လက်ခံ၍ အချို့ကမူ ငြင်းဆန်ပါသည်။ မိမိနှင့်တွေလျှင်မူ အကြောင်းသိသူများက မေးမြန်းတတ်ကြပါသည်။ မိမိကလည်း အမေးရှင်ကို လိုချင်ပါသည်။ သူတို့မေး၍ ဖြေရမှ စာရေးပြနိုင်၍ မသိသူများ မမေးတတ်သူများ၊ သိချင်သူများ ရှင်းသွားပါသည်။
တစ်နေ့ မေးတတ်သူတစ်ယောက် ရောက်လာကာ ဦးချပြီး မေးလျှောက်သည်။ သူက အလွယ်ပင်မေး၍ မိမိကလည်း အလွယ်ပင် ဖြေသည်။ ယင်းသို့ အလွယ်မေး၍ အလွယ်ဖြေရာမှ အမေးအဖြေတွေ ရှည်လျားသွားပါသည်။

“အရှင်ဘုရား၊ ကိုယ်စောင့်နတ်ရှိပါသလား ဘုရား”

“အေး…ရှိတာပေါ့”

“အရှင်ဘုရား၊ ကိုယ်စောင့်နတ် မြင်ဖူးပါသလားဘုရား”

“ငါတော့ ငါ့ကိုယ်စောင့်နတ်ကို တစ်ခါမှမမြင်ဖူးဘူး”

“ဒါဖြင့် အရှင်ဘုရားက ဘယ်လိုအထောက်အထားနဲ့ ကိုယ်စောင့်နတ် ရှိတယ်လို့ ပြောနိုင်ပါသလဲဘုရား”

“ကျမ်းဂန် အထောက်အထားနဲ့ကြည့်ပြီး ကိုယ်စောင့်နတ် ရှိတယ်လို့ ပြောတာပါ”
“ကျမ်းဂန်အထောက်အထားရှိရင် အထောက်အထားနှင့်တကွ ကိုယ်စောင့်နတ်အကြောင်း ရှင်းပြပါလားဘုရား”

“အေး…အေး ရှင်းပြမယ််၊ သေသေချာချာ မှတ်မှတ်သားသား နားထောင်ပါ၊ ကျမ်းဂန်ကတော့ ပါရာဇိကဏ် အဋ္ဌကထာကို ဦးစွာပြမယ်”

ပါရာဇိကဏ် အဋ္ဌကထာ ရှင်သုဒိန္ဒအကြောင်းအရာကို ဖွင့်ပြတဲ့ နေရာမှာ-
“မကောင်းမှုကို ပြုသောသူအား ခပ်သိမ်းသော သူတို့၏ ရှေးဦးစွာ မိမိသိအပ်၏၊ ထို့နောက် မိမိကိုယ်စောင့်နတ်သိ၏၊ ထို့နောက် သူတစ်ပါးစိတ်ကို သိတတ်သော နတ်တို့သည် သိကုန်၏”
“လို့ ပြောထားတာ ရှိပါတယ်။ အဲဒီအထောက်အထား အကြောင်းကြောင့် ကိုယ်စောင့်နတ်ရှိတယ်လို့ ပြောနိုင်တာပါ”
“အဲဒီ အထောက်အထားအပြင် အခြားအထောက်အထားကော ရှိပါသေးသလားဘုရား”
“ရှိသေးတယ်”
“ရှိသေးရင် ဆက်ပြီးတော့ ရှင်းပြပါဦးဘုရား၊ တပည့်တော်နှင့်တကွ အများတကာတို့ သံသယရှင်းရန်အတွက်ပါဘုရား၊ တပည့်တော်တစ်ယောက်တည်းအတွက် မဟုတ်ပါဘုရား”
“အေး…အေး၊ မေးမှတော့ဖြင့် တစ်ယောက်တည်းအတွက်လည်း ဖြေရမှာပဲ၊ အများအတွက်လည်း ဖြေရမှာပဲ၊ မှတ်ထားပါ သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါန သုတ်အဖွင့်မှာ ဒီလိုပြထားပါတယ်”

“အကြင်အခါ မင်းတို့သည် တရားမစောင့်ကုန်၊ ထိုအခါ အိမ်ရှေ့မင်း၊ အမတ်စစ်သူကြီး၊ သူဋ္ဌေး သူကြွယ်အလုံးစုံသော မြို့သူမြို့သား အလုံးစုံသောသူတို့သည် တရားမစောင့်ကုန်။
ထိုအခါ ထိုသူတို့ကို စောင့်ကုန်သော ကိုယ်စောင့်နတ်တို့သည် တရားမစောင့်ကုန်၊ ထိုနတ်တို့၏ အဆွေခင်ပွန်းဖြစ်သော မြေ၌တည်သောနတ်၊ ကောင်းကင်၌ တည်သောနတ်၊ ဥဏှဝလာဟကနတ်၊ အဗ္ဘဝလာဟကမည်သောနတ်၊ သီတဝလာဟကမည်သောနတ်၊ ဝဿဝလာဟကမည်သောနတ်၊ စတုမဟာရာဇ်မှစ၍ နတ်ပြည်ခြောက်ထပ် အထက်ဘဝဂ်တိုင်အောင် အရိယာပုဂ္ဂိုလ်တို့ကိုထား၍ ခပ်သိမ်းသော နတ်ဗြဟ္မာမရိသတ်တို့သည် တရားမစောင့်သည်သာလျှင် ဖြစ်ကုန်၏” လို့ ပြထားပါတယ်။ အဲဒီ အထောက်အထားနဲ့ ကိုယ်စောင့်နတ်ရှိကြောင်း ပြောနိုင်ပါတယ်။ အဲဒီအထောက်အထားများကို မှီးပြီးတော့ ဇာတ်ပေါင်းခန်းပျို့တွင် –
“ကောင်းကင်ရုက္ခ၊ ဘုမ္မမလွတ်၊ ကိုယ်စောင့်နတ်တို့၊ ရိုညွတ်သဒ္ဓါ၊ တရားနာ၍၊ ဒိဗ္ဗာရမ္မဏ၊ မြင်ကစင်ဖြူ၊ နှလုံးဟူသား၊ မုန်ဆူမွန်ခြောင်း၊ ဆင်မကောင်းကို၊ ချွန်းတောင်းဉာဏ်ဟုန်၊ ထိမ်းလင့်ကုန်”
လို့ ရေးသားခဲ့တဲ့ အထောက်အထားကို အမှီပြုပြးတော့ကာ ကိုယ်စောင့်နတ် ရှိကြောင်းကို ပြောနိုင်ပါတယ်။ ပြီးတော့ ပါရမီတော်ခန်းပျို့တွင်လည်း –

“လူတို့စီးပွား၊ ကျင့်တတ်အားသည်၊ သိကြားမာတလိ၊ မဏိမေခလာ၊ မဟာရာဇ်က၊ စသည်တရိုး၊ အိမ်စိုးကိုယ်စောင့်၊ မှောင့်လည်း ဖျက်တတ်၊ ဘုတ်ခေတ်သံဘက်”
လို့ စပ်ဆိုတော်မူချက်တို့ အထောက်အထားပြုပြီးတော့ ကိုယ်စောင့်နတ်ရှိကြောင်း ပြောနိုင်ပါတယ်။ အဲဒီလောက်ဆိုရင် ကိုယ်စောင့်နတ်ရှိကြောင်း ကျေနပ်ပြီလား။

“တင်ပါ ကျေနပ်ပါတယ်ဘုရား၊ ဒါပေမယ့် အခွင့်အရေးပေးမယ်ဆိုရင် အနည်းငယ် မေးပါရစေဦးဘုရား”

“အင်း … အနည်းငယ်ဆိုတာ ဘယ်လောက်လဲ၊ စာမျက်နှာ တစ်ထောင်လောက်ဖြေရမယ့် မေးခွန်းမျိုးလား”

“ဒီလောက်တော့ ရှည်မယ်မထင်ပါဘုရား”

“ကဲ … ဒါဖြင့် မေးစမ်းပါဦး၊ သိရင်ဖြေရတာပေါ့၊ မသိရင်တော့ မဖြေနိုင်ဘူးနော်”

“မှန်ပါ့ဘုရား”

“တပည့်တော်မေးမှာကို အရှင်ဘုရားသိနိုင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ယခုမေးပြီးခဲ့တဲ့ ကိုယ်စောင့်နတ်နဲ့ ပတ်သကိတဲ့အမေးပဲ ဖြစ်နေလို့ပါဘုရား”
“ဟ … ကိုယ်စောင့်နတ် အကြောင်းက မေးပြီးမှပဲ၊ ဘာကိုများထပ်ပြီးတော့ မေးနေဦးမလဲ”
“ဒီလိုပါဘုရား၊ လူရယ် အဲဒီလူကိုစောင့်တဲ့ ကိုယ်စောင့်နတ်ရယ် နှစ်ဦးသားမှာ အသက်တမ်းချင်းလည်း မတူပါ၊ သတ္တဝါ အမျိုးအစားလည်း မတူပါဘုရား”
“အေး… ဟုတ်တယ်၊ မတူဘူး”

“အဲဒီလိုမတူတော့ လူသေလျှင် အဲဒီလူမှာစောင့်တဲ့ ကိုယ်စောင့်နတ်လည်း သေမလား၊ သို့မဟုတ် ကိုယ်စောင့်နတ်သေလျှင် အဲဒီနတ် စောင့်တဲ့လူလည်း သေမလားဆိုတာ သိချင်ပါတယ်ဘုရား”

“အင်း … သိချင်တာက အရေးမကြီးဘူး၊ အဖြေကတော့ ခက်ခက်ပဲ”

“မခက်ပါနဲ့ဘုရား၊ ကြိုးစားပြီး တပည့်တော် သဘောပေါက်အောင် ဖြေကြားပေးပါဘုရား”

“အင်းပေါ့… ခုမှတော့ ဖြေရတော့မှာပေါ့”

“မှန်ပါ … ဖြေကြားပါဘုရား”

“အေး … သတ္တဝါတွေသေတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်၊ တစ်အိမ်ထောင်စုထဲမှာကြည့်၊ အကြီးရယ်၊ အငယ်ရယ် မဟုတ်ဘူးနော်၊ ရှေ့နောက်သေတာလည်း မရှိဘူးလား”

“ရှိပါတယ်ဘုရား”

“အကြီးအငယ် တစ်ပြိုင်နက်သေတာလည်း မရှိဘူးလား”

“ရှိပါတယ်ဘုရား”

“အေး… အဲဒါကြောင့် ကိုယ်စောင့်နတ်နဲ့ လူနဲ့ ပြိုင်တူသေ၊ ရှေ့နောက်သေဆိုတာ အမြဲမဆိုသာတဲ့အရာ ဖြစ်ပါတယ်”

“မှန်ပါဘုရား၊ ဒါဖြစ်နိုင်ပါတယ်၊ တိကျသော သက်သေများ ပြနိုင်ပါသလား”

“ပြနိုင်ပါတယ်၊ ဘုရားအလောင်းတော် တေမိမင်းသား နတ်ပြည်က စုတေခန်းကို သတိပြုကြည့်ပါ၊ တေမိမင်းသားလောင်းနှင့်အတူ စုတေအပ်သောသဘောရှိတဲ့ နတ်သားပေါင်း ငါးရာတို့ လူ့ပြည်ကို တစ်ပြိုင်နက်ပင် စုတေလာကြောင်း ဖော်ပြတယ် မဟုတ်လား”

“ဟုတ်ပါတယ်ဘုရား”

“ပြီးတော့ ဝေဿန္တရာမင်းကြီး နတ်ပြည်က စုတေလာတဲ့အခါ နတ်သားခြောက်သောင်းအတူ စုတေလာကြောင်း ဖော်ပြတယ်မဟုတ်လား”

“ဟုတ်ပါတယ်ဘုရား”

“အေး… သူတို့ လူ့ပြည်က စုတေကြတော့ တစ်ပြိုင်နက် ဟုတ်ရဲ့လား”
“မဟုတ်ပါဘုရား”
“ပြီးတော့ ဘုရားရှင်နှင့်် ဖွားဖက်တော် (၇) ဦးတို့သည် တစ်ပြိုင်နက် ဖွားကြတယ်မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“ကဲ… စုတေတော့ အတူတူလား”
“မဟုတ်ပါဘုရား”
“ဟော… ပဒုမဒေဝီမိဖုရား၊ သားတော် ပစ္စေကဗုဒ္ဓ ငါးရာတို့သည် ဖွားသောကာလ တစ်နေ့တည်း တစ်ပြိုင်နက်တည်းပဲ ဖွားတယ်မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“ပစ္စေကဗုဒ္ဓါ ဖြစ်ကြတော့လည်း တစ်နေ့တည်း တစ်ပြိုင်နက်တည်းမှာပဲ ဖြစ်ကြတယ်မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“ပရိနိဗ္ဗာန်ဝင်စံသောကာလမှာလည်း တစ်နေ့တည်း တစ်ပြိုင်နက်တည်းမှာပဲ ပရိနိဗ္ဗာန်ဝင်စံတယ် မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”

“ကဲ… အဲဒါတွေ ထောက်ရှုကြည့်တော့ တကွဲစီဖွားတယ်၊ အတူသေတာလည်း မရှိဘူးလား”
“ရှိပါတယ်ဘုရား”
“အတူဖွားတယ်၊ တကွဲစီသေတာလည်း မရှိဘူးလား”
“ရှိပါတယ်ဘုရား”
“အတူဖွားတယ်၊ အတူသေတာလည်း မရှိဘူးလား”
“ရှိပါတယ်ဘုရား”
“အေး… အဲဒီအတိုင်းပေါ့၊ ကဲ… သစ်ပင်တွေမှာ စောင့်တဲ့ ရုက္ခစိုးနတ်ရှိယ်ဆိုတာ လက်ခံလား”
“လက်ခံပါတယ်ဘုရား”
“သစ်ပင်ကို ခုတ်လဲလိုက်တဲ့အခါ အဲဒီနတ်က မသေဘဲ အခြားသစ်တစ်ပင်ကို ပြောင်းသွားတယ်မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“အဲဒီအတူပေါ့ မိမိတို့စောင့်တဲ့လူ သေသွားလျှင် အခြားသူတစ်ယောက်ပြောင်းမှာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“နတ်သေလို့လည်းပဲ သစ်ပင်မသေသလို ကိုယ်စောင့်နတ် သေလို့လည်းပဲ လူမသေပါဘူး ဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“သာဓက ပြရရင်တော့ ဟိမန္တာမှာ သီရိသက ဆိုတဲ့ ကုက္ကိုတောရှိတယ်၊ အဲဒီတောမှာ အရှင်ဂဝမ္ပတိထေရ် အလောင်းဟာ နတ်ဖြစ်တယ်၊ အဲဒီနတ် စုတေတော့ နောက်နတ်သားအသစ် ဖြစ်ပါတယ်၊ နတ်သေ၍ ကုက္ကိုပင် မသေဘူးမဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”

“စတုကနိပါတ် စူဠကလိင်္ဂဇာတ် အဋ္ဌကထာမှာ ကလိင်္ဂမင်းနှင့် အသကမင်းတို့ စစ်တိုက်ကြတယ်။ အဲဒီတိုက်ပွဲမှာ ကလိင်္ဂမင်းရဲ့ ကိုယ်စောင့်နတ်က ကိုယ်လုံးဖြူတဲ့ နွားလား ဥသဘ အယောင်ဆောင်ပြီး ဝှေ့တိုက်တယ်။ အသကမင်းရဲ့ ကိုယ်စောင့်နတ်က ကိုယ်လုံးမည်းသော နွားလား ဥသဘ အယောင်ဆောင်ပြီး တိုက်တယ်၊ အဲဒီလို ဝှေ့တိုက်တာကို အခြားသူတွေ မမြင်ကြဘူး၊ မင်းနှစ်ပါးပဲ မြင်တယ်”
“အဲဒီလိုတိုက်တဲ့အခါ နန္ဒိသေနအမတ်က ဥပဒေသပေး၍ အသကမင်းရဲ့ သူရဲတစ်ထောင်နှင့်တကွ ကလိင်္ဂမင်းရဲ့ ကိုယ်စောင့်နတ်ဖြစ်တဲ့ နွားလားဥသဘကို အချက်ကျအောင်ထိုးတဲ့အခါ ကလိင်္ဂမင်းရဲ့ ကိုယ်စောင့်နတ်သေတယ်၊ အဲဒီကိုယ်စောင့်နတ်လည်းသေရော ကလိင်္ဂမင်းလည်း ထိတ်လန့်ပြီး စစ်ပျက်တယ်၊ စစ်ရှုံးတယ်”
“အဲဒီဇာတ်တော်ထောက်ရှု ကြည့်တော့ ကိုယ်စောင့်နတ်သေတယ်၊ ကလိင်္ဂမင်း မသေဘူးမဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”

“ပါစိတ် အဋ္ဌကထာ ဘူတဂါမ သိက္ခာပုဒ် အဖွင့်၌ ဇေတဝန်ကျောင်း အရန်တွင်သစ်တစ်ပင်၌ နတ်သားတစ်ယောက်သေ၍ သစ်ပင်မသေပါ၊ ကျန်နေသည်ကို ဘုရားရှင်သိ၍ သစ်ပင်ခုတ်လှဲခံရ၍ သစ်ပင်မရှိသော နတ်သမီးအား ဘုရားရှင်ကပေးတယ်၊ အဲဒီအတူပဲ ကိုယ်စောင့်နတ်တစ်ယောက် သေသော်လည်း နတ်တစ်ယောက်ခွဲမှီ၍ နေကောင်းတယ်လို့ မှတ်နော်”
“မှန်ပါဘုရား”
“အသီတိနိပါတ် ကုဏာလဇာတ်ကို သတိပြုပြီး ကြည့်ရှုပါ၊ ကောသလမင်းကြီး သေတဲ့အခါ မိဖုရားကို ဗာရာဏသီပြည်ယူ၍ မိဖုရားမြှောက်တယ်၊ အဲဒီမိဖုရားမှာ ကောသလမင်းကြီးကို အစွဲပြုပြီး ပဋိသန္ဓေရှိနေတယ်၊ ကောသလမင်းကြီး သေတဲ့အခါ အဲဒီကိုယ်ဝန်သား ကိုယ်မှာ ကိုယ်စောင့်နတ် ဖြစ်နေတယ်”
“အဲဒီသားငယ် (၁၆)နှစ်ရှိတဲ့အခါ ကုရုဂီဒေဝီ မည်သော မင်းသမီးနှင့် ယဉ်ပါးသည်ကိုသိ၍ သတ်မည်ပြုတဲ့အခါ အဖဖြစ်တဲ့ ကိုယ်စောင့်နတ်က မင်းသားငယ်၌ စောင့်ရှောက်မစ၍ ချမ်းသာရာ ရစေတယ်”

အဲဒီမှာကြည့်ပါ၊ မင်းသားငယ်ရဲ့ ဖြစ်စဖွားစနှင့် အဖနတ်ဖြစ်သော ကာလ ရှေ့နောက်မညီတာကို ထောက်ရှုလျှင် စုတေသောကာလလည်း ရှေ့နောက် မဖြစ်နိုင်ဘူးလား”
“ဖြစ်နိုင်ပါတယ်ဘုရား”
“အဲဒါဟာ ကျမ်းဂန်အထောက်အထား အတိအကျ အရပြောခဲ့တဲ့ ကိုယ်စောင့်နတ်အကြောင်းပါ”
“အရှင်ဘုရား ဥစ္စာကလည်း ငေါ့တော့တော့နဲ့”
“ဘာငေါ့တော့တော့လဲ”
“ကျမ်းဂန်အထောက်အထား အတိအကျဆိုတော့ မတိကျတဲ့ ကိုယ်စောင့်နတ်ရှိသေးလားဘုရား”
“ရှိသေးတယ်”
“ရှင်းပြဦးပါဘုရား”
“လူတစ်ကိုယ်မှာ ကိုယ်စောင့်နတ် (၃)ယောက်ရှိတယ်တဲ့၊ ဦးခေါင်းကိုစောင့်တဲ့နတ်၊ ကိုယ်လုံးကိုစောင့်တဲ့နတ်၊ ခြေကိုစောင်တဲ့နတ်ရယ်လို့ (၃)ယောက်ရှိတယ်တဲ့၊ မခိုင်လုံလို့ ကြားဖူးရုံမျှမို့ တည့်တည့်သုံးတာနော်”
“မှန်ပါဘုရား”

“ဦးခေါင်းကိုစောင့်တဲ့နတ်က နံနက်အခါ ကြည့်ရှု မစတယ်တဲ့၊ နံနက်အခါ ဦးခေါင်းကို သန့်ရှင်းစင်ကြယ်စွာ ပြုလေ့ရှိသူကို နှစ်သက်တယ်တဲ့”
“ကိုယ်လုံးကို စောင့်တဲ့နတ်က နေ့အခါကိုယ်ကို သန့်ရှင်း စင်ကြယ်စွာ ပြုလေ့ရှိသူကို နှစ်သက်တယ်၊ စောင့်ရှောက်တယ်တဲ့”
“ခြေကို စောင့်တဲ့နတ်က ည့ဉ်အခါ ခြေကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြော၍ အိပ်ရာကိုဝင်လေ့ရှိတဲ့သူကို နှစ်သက်တယ် စောင့်ရှောက်တယ်တဲ့”

“နတ်ကစောင့်လား၊ မစောင့်ဘူးလားတော့ မသိဘူး၊ အိပ်ရာဝင်ခါနီး ခြေဆေးအိပ်တာတော့ ကျန်းမာရေး ကောင်းတာအမှန်ပဲလို့မှတ်ပြီး ခြေဆေးအိပ်နော်”
“မှန်ပါဘုရား”
“ဦးခေါင်းကိုစောင့်တဲ့နတ်က ကြိုးတန်း၊ ကြိမ်တန်း၊ လှေကားတံတား၊ အိမ်အောက်၊ ပုဆိုး၊ အဝတ်အောက်လျိုဝင်ခြင်းကို အလိုမရှိဘူးတဲ့”
“အဲဒီအစွဲရှိလို့ တချို့ ကြိုးတန်းအောက်၊ တံတားအောက် စသည်တို့ မဝင်တဲ့ ရှင်ရဟန်းတွေ တွေ့ဖူးတယ် မဟုတ်လား”
“တွေ့ဖူးပါတယ်ဘုရား”

“ဘုန်းကြီးတို့တော့ အဲဒီ နတ်အယူအဆတော့ မရှိပါဘူး၊ ဒါပေမယ့် အဲဒီကြိုးတန်း၊ တံတားအောက် စသည်ဝင်တဲ့အခါ ခေါင်းထဲက ယားကျိကျိလိုပဲ စိတ်မသန့်တာပေါ့နော်”
“မှန်ပါဘုရား”
“ကိုယ်ကိုစောင့်တဲ့ နတ်က မိမိဝတ်ပြီးသော အဝတ်ကို အောက်အထက်ပြန်၍ ဝတ်ခြင်းကို အလိုမရှိဘူးတဲ့”
“ဘုန်းကြီးတော့ သင်္ကန်းကို အမြဲတမ်း အထက်အောက် ပြန်လှန်ပြီူ ဝတ်တယ်၊ ကြာကြာအဝတ်ခံအောင် ဆိုတဲ့ သဘောနဲ့ပေါ့၊ နတ်ကြိုက်တာ မကြိုက်တာထက် အဝတ်သင်္ကန်းကို စောင့်ရှောက်တဲ့သဘောပေါ့နော်”
“မှန်ပါဘုရား”

“ကဲ… ကဲ တော်လောက်ရောပေါ့၊ ကြားဖူးတာတွေ လျှောက်ပြောနေရင် အများကြီးရှိပါသေးတယ် မပြောတော့ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တော်တော်ကြာ တကယ့်အစစ်အမှန်တွေ မှတ်မထားဘဲ အဲဒီကြားဖူးလို့ပြောတဲ့ မဟုတ်တာတွေကို မှတ်ထားမှ ခက်နေမယ်၊ ဘုန်ကြီးတရားခံဖြစ်နေမယ်၊ ဒါကြောင့် တော်ကြဦးစို့”
“မှန်ပါဘုရား”

ကိုယ်စောင့်နတ်က ရှိသည်သာ မှတ်ပါကျမ်းဂန်လာ၊

နတ်ရှိသော်လည်း ကိုယ့်ကိုယ်ပဲ အမြဲအားကိုးပါ၊

ကိုယ်ကကောင်းမှ စောင့်နတ်က ကောင်းကြ သေသေချာ၊

ကိုယ်ကောင်းဖို့ရာ နေ့ည့ဉ်ပါ လုပ်ပါကောင်းရာရာ၊

ကောင်းအောင်ပြုမှ ကောင်းကျိုးရ နတ်က မ,တော့တာ၊

မကောင်းပြုက ဆိုးကျိုးရ နတ်ကဖမ်းတော့တာ၊

နတ်ကမ,တာ ဖမ်းဆီးတာ ကိုယ့်မှာတည်နေတာ။

ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး

ဗုဒ္ဓဓမ္မပြဿနာများ -(၉)
cd:dhamma yaechansin